တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ညွှန်ချုပ် NDF ခေါင်းဆောင်တွေနဲ့ တွေ့
တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွန်ကြားရေးမှုးချုပ် Ms. Shen Beili ဦးဆောင်တဲ့အဖွဲ့ဟာ အမျိူးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေနဲ့ မနေ့က ရန်ကုန် NDF ရုံးမှာတွေ့ဆုံခဲ့ပါတယ်။
-
2012-03-09 -
-
-
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
(Photo: AFP)
ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာဏာရ ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာ့ အတိုက်အခံ နိုင်ငံရေး ပါတီတစ်ရပ်ကို ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီဟာ ကမ္ဘာတဝန်း နိုင်ငံရေးပါတီပေါင်း ၆၀၀ ကျော်နဲ့ ဆက်ဆံနေပြီး မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့လည်း တရားဝင် အဆက်အသွယ်ပြုဖို့ လာရောက် တွေ့ဆုံတာလို့ Ms. Shen Beili က ပြောပြကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံရေး တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အလေးပေး လုပ်ဆောင်စေဖို့ NDF ပါတီအနေနဲ့ ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေကပြောပါတယ်။
ဒီတွေ့ဆုံပွဲကို NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့အတူ ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နဲ့ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။