သြင်္ကန်သံချပ် စိစစ်မှု စာနယ်ဇင်းသမားအများစု လက်မခံ

မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို မနှစ်ကတည်းက ဖျက်သိမ်းလိုက်ပြီဖြစ်ပေ မယ့် ဒီနှစ်ရန်ကုန်သြင်္ကန်အတွက် သြင်္ကန် သီချင်းနဲ့ သံချပ်တွေကိုတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုချက်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါ တယ်။

မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို မနှစ်ကတည်းက ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် ဒီနှစ်ရန်ကုန်သြင်္ကန်အတွက်  သြင်္ကန်သီချင်းနဲ့ သံချပ်တွေကိုတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုချက်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သြင်္ကန်သံချပ်နဲ့ သီချင်းတွေကို ခွင့်ပြုချက်ပေးမယ့် စိစစ်မယ့်ကော်မတီတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းလိုက်ကြောင်း၊ သြင်္ကန်သီချင်းနဲ့ သံချပ်စာသားတွေကို အဲဒီစိစစ်ရေးကော်မတီဆီ အခုလ၂၂ရက်နေ့ နောက်ဆုံးထားတင်ပြရမှာဖြစ်ကြောင်း  ကြေးမုံသတင်းစာကနေ  ဖော်ပြလိုက်တာပါ။

သတင်းမီဒီယာထိန်းချုပ်မှုကို မလိုလားတဲ့ စာနယ်ဇင်းသမားအများစုကတော့ အခုလို ရိုးရာသြင်္ကန်သီချင်းနဲ့ သံချပ်စာသားတွေကို စိစစ်မယ့်အစီအစဉ်တွေကို မလိုလားကြပါဘူး။

ဒီအကြောင်းနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org