ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး အစီအစဉ် စတင်

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာမှာ မတ်လ ၁ ရက်နေ့ကစပြီး ဝေးလံခေါင်းပါးပြီး ဘာသာစကား အခက်အခဲရှိတဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်အရှေ့ ပိုင်းဒေသတွေမှာ သတ်မှတ်ထားတဲ့ရက်ထက် ကြိုတင်ကောက်ယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောပါတယ်။

နေပြည်တော် mount pleasant hotel မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကကျင်းပတဲ့ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေး ညှိနှိုင်းဆွေးနွေးပွဲမှာ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးနေ စဉ် photo: Myo Thant Khaing

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူရာမှာ မတ်လ ၁ ရက်နေ့ကစပြီး ဝေးလံခေါင်းပါးပြီး ဘာသာစကား အခက်အခဲရှိတဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်းဒေ သတွေမှာ သတ်မှတ်ထားတဲ့ရက်ထက် ကြိုတင်ကောက်ယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ဒီညနေ့ည ၆ နာရီခွဲမှာ  စတင်ကျင်းပမယ့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပွဲ ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်လာစဉ် သတင်းထောက်တွေကို ဝန်ကြီး ဦးခင်ရီက ရှင်းပြခဲ့တာပါ။

ဒီနေ့ဖွင့်လှစ်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားပြီး ဒုတိယသမ္မတတွေ က ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှု အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တာဝန်ရှိသူတွေကို ခန့်အပ်လွှာတွေ ပေးအပ်မှာ ဖြစ်ပါတယ်။

ဒီနေ့ဖွင့်လှစ်ပွဲကို ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပြင် နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံခြားရောက် မြန်မာနိုင်ငံသံအမတ်ကြီးတွေ အပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

ဒီနေ့ညပိုင်း ဖွင့်လှစ်ပွဲမှာ သတင်းယူနေတဲ့ RFA သတင်းထောက် ကိုမျိုးသန့်ခိုင်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org