ကိုးကွယ်ဘာသာအလိုက် လူဦးရေစာရင်း ကြေညာမယ်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူခဲ့ရာမှာ ထုန်ပြန်ဖို့ ကျန်နေသေးတဲ့ ကိုးကွယ်မှုဘာသာ အလိုက် လူဦးရေစာရင်းကို လာမယ့် ဇူလိုင်လ ၂၁ ရက် မှာ ကြေညာသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ ၂ဝ၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူစဉ် photo: Kyaw Myo Min/RFA

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှာ ထုန်ပြန်ဖို့ ကျန်နေသေးတဲ့ ကိုးကွယ်မှုဘာသာ အလိုက် လူဦးရေစာရင်းကို လာမယ့် ဇူလိုင်လ ၂၁ ရက်မှာ ကြေညာသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြောပါတယ်။

စာရင်းကောက်ယူရာက ရရှိခဲ့တဲ့အချက်အလက် အားလုံးနီးပါးကို ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားခဲ့ပြီး ကျန်ရှိနေတဲ့ ဘာသာအလိုက် လူဦးရေစာရင်းကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

"၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကနေ ရရှိထားတဲ့အချက်တွေ ဖြစ်ပါတယ်ခင်ဗျ၊ သန်းခေါင်စာရင်းတုန်းက မေး ထားတဲ့မေးခွန်း ၄၁ ချက်နဲ့ ပတ်သက်ပြီး ၂ဝ၁၅ က အချက်အလက်အားလုံးနီးပါး ထုတ်ပြန်ပြီးသွားပြီဗျ၊ ဒီလ ၂၁ ရက်နေ့လောက်ကို ဘာသာအလိုက် လူဦးရေစာရင်းထုတ်ပြန်မယ်၊ နောက်လေး ငါးလလောက်ကြာရင် တိုင်းရင်းသားလူမျိုးအလိုက် လူဦးရေစာရင်းထုတ်ပြန်မယ်၊ ဒါပဲကျန်တော့တယ်"

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက် ကြာ တစ်အိမ်တက်၊ ဆင်း တေ့ွဆုံမေးမြန်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေစာရင်းကို ပြီးခဲ့တဲ့ ၁၉၇၃ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာ တစ်ကြိမ် ကောက်ခံထားပြီး ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တာဟာ နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် ကောက်ယူတာလည်း ဖြစ်ပါ တယ်။

အဲ့ဒီစာရင်းတွေအရ မြန်မာနိုင်ငံမှာ အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး တစ်နိုင်ငံလုံး မှာ စုစုပေါင်းလူဦးရေ ၅၂ သန်း နီးပါးရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org