တိုင်းနဲ့ ပြည်နယ်က စစ်ကောင်စီဝန်ကြီး ၂၃ ဦး တစ်ပြိုင်နက်တည်း အနားပေးခံရ

တိုင်းနဲ့ ပြည်နယ် ၁၃ ခုက လူမှုရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၂၃ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်မှာ တစ်ပြိုင်နက်တည်း အနားပေးပြီး အစားထိုးခန့်အပ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာသူများအား တွေ့ရစဉ်။ Myanmar Military

တိုင်းနဲ့ ပြည်နယ် ၁၃ ခုက လူမှုရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၂၃ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်မှာ တစ်ပြိုင်နက်တည်း အနားပေးပြီး အစားထိုးခန့်အပ်ခဲ့ပါတယ်။

ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ် ခြောက်ခုနဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေက လူမှုရေးဝန်ကြီး ဆယ်ဦးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၁၃ ဦးကို အပြောင်းအလဲလုပ်ခဲ့တာပါ။

ဒီအပြင် နောက်ထပ် နေပြည်တော်ကောင်စီဝန် သုံးဦးကိုလည်း အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဘာကြောင့် အခုလို အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်း အနားပေးခဲ့လဲဆိုတာ မသိရသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ သုံးနှစ်ပြည့်ခဲ့ပြီး အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းတိုးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org