ချောင်းဦး ညသပိတ် ပစ်ခတ်ဖြိုခွဲခံရ၊ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ညသပိတ်ကို မတ်လ ၁၆ ရက် ဒီကနေ့ ညမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့လို့ နှစ်ဦး သေဆုံးသွားတယ်လို့ ချောင်းဦးသပိတ်ဦးဆောင်သူတွေက RFA ကို အတည်ပြုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ညသပိတ်။ Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ညသပိတ်ကို မတ်လ ၁၆ ရက် ဒီကနေ့ ညမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့လို့ နှစ်ဦး သေဆုံးသွားတယ်လို့ ချောင်းဦးသပိတ်ဦးဆောင်သူတွေက RFA ကို အတည်ပြုပြောပါတယ်။

ချောင်းဦးတောင်ပိုင်းက ကိုကျော်ခိုင် ဦးခေါင်းမှာ သေနတ်ကျည်ထိမှန်သေဆုံးသွားပြီး ကျန်တဲ့တစ်ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ပြောပါတယ်။

ချောင်းဦးမြို့ထဲမှာ ဒီနေ့ည ဒေသစံတော်ချိန် ဆယ်နာရီထိ ပစ်ခတ်သံတွေကြားနေရပြီး စစ်ကားတွေလည်း လှည့်ပတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ မတ်လ ၁၆ ရက်နေ့ ပစ်ခတ်မှုကြောင့် ရန်ကုန်တိုင်း ဒေါပုံမှာ ၂ ဦး၊ တောင်ဒဂုံမှာ ၁ ဦး၊ ကောလင်းမှာ ၂ ဦး၊ ချောင်းဦးမှာ ၂ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တယ်လို့ ကနဦးအတည်ပြုနိုင်ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ မတ်လ ၁၆ ရက်နေ့အထိ သေဆုံးတဲ့သူ ၁၈ဝ ကျော်ရှိသွားပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org