ရေဘေးသင့် ၁၄ မြို့နယ် မဲစာရင်းကြည့်ရှုခွင့်ကာလ ရက်တိုးမြှင့်

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရေဘေးဒဏ်ခံ ခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုက မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေကို လာ မယ့် အောက်တိုဘာလဆန်းလောက်အထိ ကြည့်ရှု စစ်ဆေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ကျေးရွာတစ်ရွာမှာ မဲစာရင်းကြည့်နေသူတချို့ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရေဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုက မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့် ရှိသူစာရင်းတွေကို လာမယ့် အောက်တိုဘာလဆန်းလောက်အထိ ကြည့်ရှုစစ်ဆေးနိုင်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ချင်းပြည်နယ်က မတူပီ၊ ဟားခါး၊ တွန်းဇံမြို့နယ်တို့မှာ အောက်တိုဘာလ ၁၀ရက်နေ့အထိ စစ်ကိုင်းတိုင်းက မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင်တို့မှာ အောက်တိုဘာလ ၂ရက်နေ့အထိ မကွေးတိုင်းက စေတုတ္တရာ၊ မန္တလေးတိုင်းက မြင်းခြံ၊ ဧရာဝတီတိုင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့နယ်တို့မှာ အောက်တိုဘာလ ၄ရက်နေ့အထိ နဲ့ အင်္ဂပူမြို့နယ်မှာ စက်တင်ဘာလ ၃၀ရက်နေ့အထိ မဲပေးခွင့်ရှိသူစာရင်း စစ်ဆေးနိုင်တဲ့ အချိန်ကာလကို ထပ်တိုးပေးလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရပ်ကျေးကော် မရှင်ရုံးခွဲတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ရက်နေ့ကစပြီး လာမယ့် စက်တင်ဘာလ ၂၇ရက်နေ့ ကြည့်ရှု စစ်ဆေးနိုင်ကြောင်း အရင်က ကြေညာခဲ့တာဖြစ်ပါတယ်။

အခုအချိန်ထပ်တိုးပေးလိုက်တဲ့ မြို့နယ်တွေဟာ ရေဘေးဒဏ်ကြောင့် မဲစာရင်းမကြေညာနိုင်တဲ့ ရပ်ကွက် နဲ့ ကျေးရွာတွေ ရှိနေပါတယ်။

ဒီတစ်ကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းဟာ နောက်ဆုံးအကြိမ်ဖြစ်တာကြောင့် အမည်မပါတာတွေ၊ အချက်အလက် မှားယွင်းတာတွေကို ကော်မရှင်က သတ်မှတ်ထားတဲ့ ပုံစံအမျိုးမျိုးမှာ ဖြည့်စွက်ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org