ဓါတုလက်နက် ဖျက်သိမ်းရေးစာချုပ် လက်မှတ်ထိုးဖို့ လွှတ်တော်ဆုံးဖြတ်
ကမ္ဘာ့နိုင်ငံပေါင်း ၂၉ဝ က လက်မှတ်ရေးထိုးထားတဲ့ ဓါတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးဖို့ အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
-
2015-01-21 -
-
-
ကမ္ဘာ့နိုင်ငံပေါင်း ၂၉ဝ က လက်မှတ်ရေးထိုးထားတဲ့ ဓါတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး သဘောတူစာချုပ် ကို မြန်မာနိုင်ငံက လက်မှတ်ထိုးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂ဝ ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ရာမှာ ဓါတုလက်နက်တွေကို အဆင့်မြှင့်တာ၊ ထုတ်လုပ်တာ၊ စုဆောင်းသိုလှောင်တာ၊ အဲ့ဒီလက်နက်တွေနဲ့ တိုက်ခိုက်တာတွေကို ပိတ်ပင်တားဆီး၊ ဖျက်သိမ်းရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ဝင်ရောက်လက်မှတ်ရေး၊ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ စွပ်စွဲပြောဆိုချက်တွေ ပပျောက်စေရေး၊ ဓါတုဗေဒ ပစ္စည်းတွေကို သတ်မှတ်ချက်ဘောင်အတွင်း ငြိမ်းချမ်းတဲ့နည်းနဲ့ ထုတ်လုပ်အသုံးပြုနိုင်ရေးဆိုတဲ့ အချက်တွေ သဝဏ်လွှာမှာပါရှိပါတယ်။
အဲ့ဒီစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုး ဝင်ရောက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ကုန်သွယ်မှု အကျိုးစီးပွားအတွက် အကျိုးရှိမှာဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။