ကလေးတွေနှိပ်စက်မှု အာမခံပေးထား

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာအုပ်စု မာလိန်ရွာမှာ အကြွေးမဆပ်နိုင်လို့ဆိုပြီး လယ်ပိုင်ရှင်က လယ်လုပ်သားရဲ့ ကလေး ၂ ယောက်ကို ခေါ်ယူနှိပ်စက်ခဲ့တဲ့ အမှုအတွက် လယ်ရှင်ကို တရားစွဲအရေးယူထားပေမယ့် အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် မာလိန်ရွာမှာ မိဘကအကြွေးမဆပ်နိုင်တဲ့အတွက် လယ်ပိုင်ရှင်က သံကြိုးနဲ့ခတ်ပြီး နှိပ်စက်တာခံရတဲ့ ကလေးငယ်ကို တွေ့ရစဉ် .

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာအုပ်စု မာလိန်ရွာမှာ အကြွေးမဆပ်နိုင်လို့ဆိုပြီး လယ်ပိုင်ရှင်က လယ်လုပ်သားရဲ့ ကလေး ၂ ယောက်ကို ခေါ်ယူနှိပ်စက်ခဲ့တဲ့အမှုအတွက် လယ်ရှင်ကို တရားစွဲအရေးယူထားပေမယ့် အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီအမှုအတွက် လယ်ရှင် ဦးကျော်မျိုးအောင်ကို ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၃/ ၃၄၂ နာကြင်စေမှုတွေနဲ့ တရားစွဲထားပြီး ဒီနေ့ ရုံးချိန်းရှိတယ်လို့ သိရပါတယ်။

ဒီအမှုကို ကလေးသူငယ် နှိပ်စက်ညှင်းပမ်းမှုနဲ့ဆိုင်တဲ့ ဥပဒေပုဒ်မတွေနဲ့ မိဘကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် တရားစွဲလို့ရတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှေ့နေဦးအောင်သိန်း က ပြောပါတယ်။

"ကလေးသူငယ် နှိပ်စက်ညှင်းပမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေရှိတယ်၊ တိုင်မှာသံကြိုးနဲ့ ချည်ထားတယ်ဆိုရင် မတရားဖမ်းဆီးချုပ်နှောင်ထားမှုနဲ့ အရေးယူလို့ရတယ်၊ နောက်တစ်ယောက်က ရေထဲကိုပစ်ချလိုက်တဲ့အတွက် လူသတ်မှုအရလည်း အရေးယူလို့ရတယ်၊ အဲ့ဒီလို ပုဒ်မနှစ်ခုရှိနေပါလျှက်နဲ့ ဘာဖြစ်လို့ ဒီတရားခံကို ရဲကအာမခံပေးရသလဲဆိုတာ စဉ်းစားစရာဖြစ်နေတယ်၊ အဲ့ဒီနစ်နာသူဘက်က မိဘအနေနဲ့ သို့မဟုတ် ပတ်ဝန်းကျင်တစ်ယောက်ယောက်ကဖြစ်ဖြစ် ရဲစခန်းမှာ သွားပြီးတိုင်ကြားလို့လည်းရတယ်၊ သတင်းရရှိရုံနဲ့ တိုင်ချက်သွားဖွင့်လို့ရတယ်၊ ခရိုင်ရဲမှူးတို့ မြို့နယ်ရဲမှူးတို့ တိုင်းရဲမှူးတို့ကို တက်ပြီးတော့ တိုင်ကြားပိုင်ခွင့်ရှိတယ်"

ကိုကျော်မျိုးအောင် ဆိုသူ လယ်ရှင်က လယ်စာရင်းငှားရဲ့ အသက် ၈ နှစ်အရွယ် မောင်ဇေထက်နိုင် ဆိုတဲ့ ကလေးကို တဲတစ်လုံးထဲမှာ သံကြိုးနဲ့ချည်ထားပြီး၊ အသက် ၅ နှစ်အရွယ် မောင်မျိုးသန့် ကို တံတားပေါ်ကနေ မြစ်ထဲကို ပစ်ချခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org