ကလေးအလုပ်သမားကိစ္စဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ

မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်း လဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ် သမားကိစ္စဟာ အဓိကပြဿနာတစ်ရပ် ဖြစ်နေ ဆဲပဲလို့ ပြင်သစ်သတင်းဌာနတစ်ခုက ဖော်ပြပါတယ်။

မုန်ႛဖက်ထုပ် ရောင်းနေသော ဈေးသည် ကလေးသူငယိံြစ်ဦး ူဖစ်ပၝသည်။ (Photo: AFP) (Photo: AFP)

မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်းလဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ်သမားကိစ္စဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေဆဲပဲလို့ ပြင်သစ်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( ILO ) ရဲ့ ညွှန်းကိန်းတွေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အလုပ်ခိုင်းစေခံရမှု အခြေအနေမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန် နိုင်ငံတွေနဲ့အတူ အဆိုးရွားဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

အသက် (၁၅)နှစ်အောက် ကလေးတွေကို အလုပ်မခိုင်းရ၊ (၁၅) နှစ် နဲ့(၁၈) နှစ်ကြားကလေးတွေကို (၄) နာရီသာ အလုပ်လုပ်ခွင့်ပြုရမယ်လို့ ဥပဒေပြဌာန်းထားပေမယ့် ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ အသက်မဝင်ဘဲ ဖြစ်နေတယ်လို့ France 24 သတင်း က ဆိုပါတယ်။

မြန်မာနိုင်ငံလူဦးရေ ရဲ့သုံးပုံတစ်ပုံ နီးပါးဟာ (၁၅) နှစ်အောက်ကလေးတွေဖြစ်ပြီး၊ ကျောင်းမနေနိုင်ဘဲ စားဝတ် နေရေးအတွက် အလုပ်လုပ်ခိုင်းခံနေရတာ၊ စစ်တပ်ထဲ ဆွဲသွင်းခံနေကြရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ အဲဒီကလေးတွေ ဆီမရောက်သေးဘူးလို့လည်းဖော်ပြပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ ထူပြောရာ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကာရာအိုကေဘားတွေ အနှိပ်ခန်း တွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးငယ်တွေကို မမြင်ချင်အဆုံး တွေ့နေရတယ်လို့ ရေးသားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org