တွန်းဇံမြို့မှာ ကသည်းသူပုန်တွေနဲ့ CNA ချင်းတပ်တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံး

ချင်းပြည်နယ် (မြောက်ပိုင်း) တွန်းဇံမြို့နယ်နဲ့ မဏိပူရနယ်စပ် စဲနမ်ရွာ (Senam Khua) အနားမှာ မဏိပူရ (ကသည်း) သူပုန်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချင်းအမျိုးသား တပ်မတော် (CNA) တို့ ဇန်ဇဝါရီလ ၁၃ ရက် မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီး CNA ဗိုလ်မှူး Ngun Vung သေဆုံးခဲ့တယ်လို့ CNA/F အဖွဲ့ဘက်က ပြောပါတယ်။

၂၀၂၂ ဇန်ဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ CNA ဗိုလ်မှူး Ngun Vung ကို တွေ့ရစဥ် Photo: Citizen Journalist
ချင်းပြည်နယ် (မြောက်ပိုင်း) တွန်းဇံမြို့နယ်နဲ့ မဏိပူရနယ်စပ် စဲနမ်ရွာ (Senam Khua) အနားမှာ မဏိပူရ (ကသည်း) သူပုန်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ဇန်နဝါရီလ ၁၃ ရက် မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီး CNA ဗိုလ်မှူး Ngun Vung သေဆုံးခဲ့တယ်လို့ CNA/F အဖွဲ့ဘက်က ပြောပါတယ်။
 
ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး တစ်ဦး သေဆုံးတယ်လို့ RFA ကို ပြောပါတယ်။
 
“ကသည်းသူပုန်တွေက ဒေသခံရွာသားတွေကို ဘိန်းစိုက်ခိုင်းတယ်၊ အဲဒါကြောင့် ကျနော်တို့တပ်တွေက အဲဒီဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲမှာ ကျနော်တို့ဘက်က ဗိုလ်မှူး တစ်ဦး ကျဆုံးတယ်၊ သူတို့ဘက်ကတော့ ဗိုလ်မှူး တစ်ဦး အပါအ၀င် ရှစ်ဦး သေတယ်”
 
စစ်ကောင်စီဘက်ကလည်း သူပုန်တွေကို လက်နက်တွေ ထောက်ပံ့နေကြောင်း သိထားရတယ်လို့ ဆလိုင်းထက်နီ က ဆိုပါတယ်။
 
လက်နက်ထောက်ပံ့တယ်ဆိုတဲ့ကိစ္စကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
 
အိန္ဒိယနိုင်ငံ မဏိပူရ (ကသည်း) သူပုန်တွေဟာ တွန်းဇံမြို့နယ်နဲ့ အိန္ဒိယ မဏိပူရနယ်စပ်တလျှောက်မှာ စခန်းချပြီးနေလာတာ (၁၀) နှစ်ကျော်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org