အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းမိသားစု ၄၀ ကျော် နှင်ထုတ်ခံရ

မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် အတွင်းက ဗာဖိုင်းကျေးရွာမှာ နေထိုင်တဲ့ ချင်းလူမျိုး မိသားစုတွေကို ဒေသခံ အဖွဲ့အစည်းတွေက အခုလ မကုန်ခင် ကျေးရွာက ထွက်ခွာသွားဖို့ နှင်ထုတ်တဲ့အတွက် ကျောင်းတက်နေဆဲ သားသမီးတွေ ပညာ တပိုင်းတစနဲ့ ကျောင်းထွက် လိုက်ကြရတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) (RFA Map)

အဲဒီလို ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးသွားတာနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ရှိ ဇိုလူမျိုးစု အဖွဲ့ ZIF က အိန္ဒိယအစိုးရ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကို တိုင်ကြားထားတယ်လို့ အဖွဲ့တာဝန်ခံ ပူးဆီလာရန်ရပ်သာ က ပြောပါတယ်။

ဒီကလေးတွေဟာ မိဘတွေနဲ့ ခွဲပြီး ပညာဆက်သင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဒါဟာ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး၊ အဲဒီအတွက် မိမိတို့ အဖွဲ့ အနေနဲ့ အိန္ဒိယအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်မှု ကော်မရှင်တို့ကို စာရေးထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း အဲဒီ ကျေးရွာက ချင်းမိသားစု ၂၂ စုကို နှင်ထုတ်ခဲ့တဲ့အတွက် မြန်မာနယ်စပ်တလျှောက်မှာ ဖြစ်သလို တဲထိုးပြီး နေထိုင်နေကြရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org