တိုက်ပွဲတွေကြောင့် ပလက်ဝဒေသခံ ၁၅၀၀ ကျော် အိန္ဒိယကို ထွက်ပြေး

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူတွေက ဒီနေ့ ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရစဉ် Photo: Wai Lu Kyaw Foundation

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ကြောင့် ဒေသခံ ၁၅၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူတွေက ဒီနေ့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ နယ်နမိတ်အတွင်းက ကျေးရွာလေးရွာမှာ ခိုလှုံနေကြတာ လေးရက်ခန့်ရှိနေပြီလို့ စစ်ဘေးဒုက ္ခသည်တွေကို ကူညီပေးထားတဲ့ ဆရာတော် ဦးပညာဇောတက မိန့်ကြားပါတယ်။

"လူဦးရေ ၁၅၂၀ လောက်ရှိမယ်ထင်တယ်။ ဒီရောက်တာ လေးရက်လောက်ရှိပြီထင်တယ်။ ကြာသပတေး လောက်က ရောက်တာလေ။ စားဝတ်နေရေးက အဆင်မပြေဘူးဖြစ်နေတယ်။ ကယ်ဆယ်ရေးအတွက် ဦးဇင်းက ပိုက်ဆံရှာပြီးတော့ ပေးတာပေါ့။ ကမကထလုပ်ပေးတာပေါ့။ အခုတော့ အဆင်မပြေဘူး။ လူဦးရေများလို့ စားဝတ်နေရေး ကျန်းမာရေးက သိပ်အဆင်မပြေဘူး။"

အိန္ဒိယအစိုးရဘက်က ခိုလှုံသူတွေရဲ့ အမည်စာရင်းတွေကို ကောက်ခံသွားတာရှိတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ပလက်ဝမြို့နယ်အတွင်းက မြိတ်ဝ၊ ပကာဝ၊ စက်တင်ဝ၊ မြွီလိုက်ဝ အစရှိတဲ့ ကျေးရွာတွေအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဗုံးကြဲတိုက်ခိုက်မှုတွေရှိတာကြောင့် ဒေသခံတွေက အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ တပ်ပေါင်းချေ၊ ရွာသစ်၊ ရွာသာရွာနဲ့ လိုင်တလင် အစရှိတဲ့ ကျေးရွာတွေမှာ ပြောင်းရွှေ့ခိုလှုံ နေကြရတာလို့ ဆရာတော်က မိန့်ပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်စပ် ပလက်ဝဒေသအတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲပေါင်း အကြိမ်ရေ ၈၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ မနေ့က အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ မြိတ်ဝကျေးရွာအနီးအနားမှာ ဟယ်ရီကော်ပတာ နဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org