ချင်းပြည်နယ် အဓမ္မ လုပ်အားပေးခိုင်းစေမှု ILO ကွင်းဆင်းလေ့လာ
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ဟာ ချင်းပြည်နယ်မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး ချင်း ပြည်နယ် အာဏာပိုင်တွေကို မေလ ၁၈ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာကို ကြိုဆို ကြောင်း CHRO ခေါ် ချင်း လူ့အခွင့်အရေး အဖွဲ့က မေ ၂၁ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
-
2011-05-22 -
-
-
Your browser doesn’t support HTML5 audio
အဲဒီလို တွေ့ဆုံရာမှာ ပြည်နယ်ရဲ၊ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ စတဲ့ ဒေသခံ အာဏာပိုင် စုစုပေါင်း ၁၆ဝ ကျော်နဲ့ ILO အဖွဲ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ILO က တရားဝင် ထုတ်ပြန်ထားတဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်တွေကို ချင်းပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမယ်လို့ ဒေသခံ အာဏာပိုင်တွေဘက်က အဲဒီ တွေ့ဆုံပွဲမှာ ILO ကို ကတိပေးခဲ့တာ ကြားသိရကြောင်း CHRO အဖွဲ့ရဲ့ ပြောခွင့်ရသူ ဆလိုင်းဘာဝီ လျံမန်းက ပြောပါတယ်။
“ILO အနေနဲ့ ချင်းပြည်နယ်မှာ အတင်းအဓမ္မ ခိုင်းစေမှု အခြေအနေ တော်တော်လေး စိုးရိမ်ရတဲ့ အဆင့်မှာ ရှိတယ်ဆိုတာ သဘောပေါက်တယ်။ အဓိကအားဖြင့် စစ်တပ် မတန်တဆ တိုးချု့မှုကြောင့် ဖြစ်ပေါ်နေတဲ့ ခိုင်းစေမှုတွေက များပါတယ်”
ချင်းပြည်သူ ၉ဝ ရာခိုင်နှုန်းလောက်ဟာ အစိုးရ အာဏာပိုင်တွေရဲ့ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ CHRO အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို အဓမ္မ ခိုင်းစေမှုတွေ ဖြစ်ပွားနေတဲ့ အဓိက အကြောင်းကတော့ ချင်းပြည်နယ်မှာ လုံခြုံရေး အကြောင်းပြပြီး စစ်တပ်စခန်းတွေနဲ့ လမ်းတွေ အဆောက်အဦတွေ ဖောက်လုပ် တည်ဆောက်လာတာကြောင့် ဖြစ်တယ်လို့ CHRO အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ILO အဖွဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က CHRO အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဆလိုင်းဘာဝီလျံမန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |