ချင်းပြည်နယ် တွန်းဇန်မြို့မှာ မြေပြိုလို့ အိမ် လေးလုံး ပျက်စီးပြီး လမ်းတွေပိတ်နေ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇန်မြို့မှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာခဲ့တဲ့ ကာလအတွင်း ဘီအိုစီရပ်ကွက်မှာ မြေပြိုကျခဲ့လို့ လူနေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအနားမှာ ၂၀၂၀ သြဂုတ် ၆ရက်နေ့က မြေပြိုမှုဖြစ်ပွားစဉ် -

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇန်မြို့မှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာခဲ့တဲ့ ကာလအတွင်း ဘီအိုစီရပ်ကွက်မှာ မြေပြိုကျခဲ့လို့ လူနေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။

မြေပြိုမယ့်အလားအလာ ထပ်ရှိနေချိန်မှာ ရွှေ့ပြောင်းနေထိုင်ဖို့လည်း အခက်တွေ့နေရတယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုခမ်ကပ်ခိုင်က ပြောပါတယ်။

လမ်းပေါ်က အပျက်အစီးတွေကို စက်ယန္တရားသုံးပြီး ရှင်းလင်းပေမယ့်လည်း ရာသီဥတု ဆိုးရွားနေတဲ့အတွက် လုပ်ငန်းတွင်ကျယ်မှုမရှိဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန် က RFA ကို ပြောပါတယ်။

“ဒီမိုးက မိုးလည်းအရမ်းများတယ်။ မှိုင်းလည်း အရမ်းတိုက်တယ်။ သွားလာတဲ့သူအနေနဲ့ ဆင်ခြင်ဖို့၊ ပြီးတော့ တချို့မြေပြိုတဲ့နေရာမှာ မိုးကာအုပ်ပြီးတော့ ရေနဲ့မြေသား တိုက်ရိုက်မထိအောင် ဒါလေးတွေ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ အရေးပေါ် အန္တရာယ်ရှိတဲ့နေရာမျိုးဆို ကျွန်တော်တို့ ကြိုတင်သတိပေးစနစ်နဲ့ သဘာဝဘေး စီ/မံရဲ့ လုပ်ဆောင်မှုလုပ်နေတယ်။ အဲဒီလောက်ပဲ လုပ်နိုင်သေးတယ်” လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအနားမှာလည်း မနေ့က ညနေပိုင်းမှာ မြေပြိုနေလို့ ခရီးသွားကား အစီး (၁၀၀) ကျော် ပိတ်မိနေတယ်လို့ အဲဒီနားမှာနေတဲ့ သိုင်းငင်းရွာသား ကိုဂျွန်က RFA ကို ပြောပါတယ်။  အခုမြေပြိုတဲ့နေရာဟာ အကွာအဝေးအားဖြင့် နှစ်ဖာလုံ လောက်အထိရှိပြီး ပြိုကျလာတဲ့မြေစာတွေကို မနေ့ညကစပြီး ခုချိန်အထိ စက်ယန္တယားကြီး ငါးစီး နဲ့ မြေစာတွေကို ဖယ်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org