မင်းတပ်မြို့ရောက် ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့ ပြန်လည်ထွက်ခွာ

ချင်းပြည်နယ်မင်းတပ်က စစ်ဘေးဒုက္ခသည်တွေဆီအရောက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းချင်ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာတွေသွားခွင့်မပြုတဲ့အတွက် မြို့ပေါ်မှာပဲ လှူနိုင်ခဲ့ပြီး မင်းတပ်က ဒီနေ့ပြန်ထွက်ခွာပါမယ်။

ချင်းပြည်နယ် မင်းတပ်မြို့ကို ထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၂၁ ရက်က ရောက်ရှိခဲ့တဲ့ UNHCR ယာဥ်တစီး။ Photo: Chin World

ချင်းပြည်နယ်၊ မင်းတပ်က စစ်ဘေးဒုက္ခသည်တွေဆီအရောက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းချင်ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာတွေသွားခွင့်မပြုတဲ့အတွက် မြို့ပေါ်မှာပဲ လှူနိုင်ခဲ့ပြီး မင်းတပ်က ဒီနေ့ပြန်ထွက်ခွာပါမယ်။

လုံခြုံရေးအရ စစ်ကောင်စီက ကျေးရွာတွေဆီ သွားခွင့်မပေးတဲ့အတွက် ပစ္စည်းတွေ ပြန်သယ်မသွားတော့ဘဲ နောက်တခေါက်လာနိုင်တဲ့အခါအကူအညီပေးနိုင်အောင် စိတ်ချတဲ့နေရာမှာ ပစ္စည်းတွေထားခဲ့ပြီး UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့ဝင်တွေ ဒီနေ့ပြန်ထွက်ခွာမယ်လို့ မင်းတပ်ဒေသခံတယောက်က RFA ကိုမနေ့က ပြောပါတယ်။

မိသားစု ၄၀၀ ကျော်အတွက် ထားခဲ့တာလို့ သင်းအုပ်ဆရာ Share Homes က ပြောပါတယ်။ မင်းတပ်ကို UNHCR အဖွဲ့ ဒီလ ၂၀ က ရောက်လာတာဖြစ်ပြီး ခရီးလမ်းပန်းခက်ခဲလည်း ကျေးရွာတွေအရောက်သွားဖို့ စီစဉ်တာ အထမမြောက်တဲ့အကြောင်း မင်းတပ်ဒေသခံက ပြောပြပါတယ်။

မင်းတပ်မြို့မှာ တိုက်ပွဲပြန်ဖြစ်ပြီး ရာသီဥတုလည်းမကောင်းဘူးလို့ သင်းအုပ်ဆရာ Share Homes က ပြောပါတယ်။ UNDP ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်က မင်းတပ်ကို အကူအညီပေးဖို့ ပထမပိုင်းက စီစဉ်ပေမဲ့ စစ်ကောင်စီက လုံးဝဝင်ခွင့်မပေးဘူးလို့ မင်းတပ်ဒေသခံက ပြန်ပြောင်းပြောပြပါတယ်။

မင်းတပ်မြို့မှာ ဒုက္ခသည်စခန်း ၁၁ နေရာသတ်မှတ်ထားတယ်ပေမဲ့ ငါးနေရာမှာပဲ လူ ရှိတယ်လို့ သင်းအုပ်ဆရာ Share Homes ကပြောပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား ညှိနှိုင်းပြီး အပစ်ရပ်ထားဖို့ ဇွန် ၂၃ ရက်က သဘောတူခဲ့ပြီး ကြားကာလအတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပေမဲ့ မင်းတပ်ကို UNHCR ရောက်လာပြီး နောက်တရက်မှာ တိုက်ပွဲတွေပြန်ဖြစ်ပွားတာပဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org