တရုတ် နယ်စပ်မှ မြန်မာ ၇ သောင်း မဲပေးခွင့် ဆုံးရှုံး

တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ကြယ်ဂေါင် မြို့တွေကို တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၇ သောင်းကျော်လောက်က မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့ အတွက် မူဆယ်မြို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ သွာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ရစဉ် Photo:Kan Thar/RFA

တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ကြယ်ဂေါင်မြို့တွေကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမား ၇ သောင်းကျော်လောက်က မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့အတွက် မူဆယ်မြို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရဖို့ ကြိုးစားသွားမယ် လို့ ပြောပါတယ်။

အဲ့ဒီအလုပ်သမားတွေဟာ တရားမဝင်သွားရောက်နေကြတာ ဖြစ်တဲ့အတွက် မဲစာရင်းမှာမပါဘူးလို့ အန်အယ်လ်ဒီ ပါတီရဲ့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုထွန်းကိုကိုက ပြောပါတယ်။

"သူတို့က ဒီဘက်ကမ်းမှာနေတာမဟုတ်ဘူး ဟိုဘက်ကမ်းကို တရားမဝင်ထွက်ခွါတဲ့ လူတွေဖြစ်နေ တယ်ပေါ့နော်၊ ဖြစ်နေတယ်ဆိုတော့ သူတို့ ပုံစံ ၃(က)နဲ့ လျှောက်မယ်ဆိုပြန်တော့လည်း ၃(က) က ရပ်ကွက်က ထောက်ခံချက်ပေးမှ သူတို့က ကော်မရှင်မှာတင်ရမှာပေါ့၊ ရပ်ကွက်က ထောက်ခံချက်ပေးဖို့ ကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မပေးချင်ကြဘူးဗျ၊ မူဆယ်မြိုကပေါ် တစ်မြို့လုံးမှာရှိတဲ့ မဲပေးခွင့် ရှိတဲ့လူစာရင်းနဲ့ ဟိုဘက်ကမ်းမှာသွားလုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေစာရင်းက အချိုးညီလောက် ရှိတယ်၊ အချိုးညီလောက်ရှိနေတော့ နဂိုနေခဲ့တဲ့မြို့ပေါ်က အိမ်ထောင်စုရှိ လိပ်စာအတိအကျပေးရင် ကျနော်တို့စုံစမ်းမယ်၊ သူတို့ဆီက မဲစာရင်းရပြီဆိုရင် ကျနော်တို့ ဒီဘက်မှာ ၃(က)နဲ့ လျှောက်ပေးမယ်ပေါ့၊ ကျနော်တို့တော့ အဲ့ဒီလိုတွေ လုပ်ဖို့အစီအစဉ်ရှိပါတယ်"

အဲ့ဒီအလုပ်သမားတွေဟာ မြို့နယ်ရပ်ကွက်ရုံးတွေရဲ့ နေထိုင်ကြောင်း ထောက်ခံချက်တွေ တောင်းယူပြီး မဲပေးခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

မူဆယ်မြို့ခံတွေဟာ တရုတ်ပြည်ထဲကို နေ့စဉ်အသွားအပြန်လုပ်ပြီး အလုပ်လုပ်ကိုင်နေသူတွေ ရှိသူလို ရွှေလီမြို့မှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်နေသူတွေလည်း ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org