မြန်မာလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ကြဖို့ တရုတ် တောင်းဆို

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တံ့နိုင်ရေးအတွက် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ချက်ချင်း အပစ်အခပ်ရပ်ကြဖို့ လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တံ့နိုင်ရေးအတွက် တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက တောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ချက်ချင်းအပစ်အခပ်ရပ်ကြဖို့ လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း တရုတ်နိုင်ငံသား ၃ ဦးသေဆုံးရတဲ့ တိုက်ခိုက်မှုတွေအပြီးမှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း ပစ်ခပ်မှုတွေကြောင့် ဒုံးကျည်သုံးစင်းနဲ့အတူ ကျည်ဆန်အများအပြားလည်း တရုတ်မြေပေါ်ကို ကျရောက်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်ကို သောကြာနေ့က Weibo လူမှုရေးကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရုတ်-မြန်မာ နယ်ခြားဒေသကို အာရုံထားစောင့်ကြည့်နေပြီး လုံခြုံရေးအနေအထားကိုလည်း မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့မေလ ၁၈ ရက်နေ့ကလည်း တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် သံတမန်တစ်ဦးဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေကို ကူမင်းမြို့ကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org