မြန်မာ့သယံဇာတတွေ ထုတ်ယူနေကြောင်း အမေရိကန် သတင်းစာရေးသားချက် တရုတ် အစိုးရပယ်ချ

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာ၀ သယံဇာတတွေကို အလုအယက်ရယူနေကြောင်း အမေရိကန် New York Times သတင်းစာကြီးရဲ့ ရေးသား ချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မ ခံနိုင်ကြောင်း တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာအရှေ့ဘက် ၃ မိုင်လောက်မှာရှိတဲ့ အင်ကြင်းတောင်မှာ စက်ယန္တရားတွေနဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခုတ် ယူနေစဉ် Photo: Kyaw Myo Min/RFA

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာဝသယံ ဇာတတွေကို အလုအယက်ရယူနေကြောင်း အမေရိကန် New York Times သတင်းစာကြီး ရဲ့ ရေးသားချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန က လက်မခံနိုင်ကြောင်း တုန့်ပြန်ပြော ကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ကျားသတ္တဝါက စလို့ ကြေးနီသတ္တုအဆုံး အရာမှန်သမျှ လိုချင်နေတာ ဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေ လုယက်ရယူရောင်းချနေမှု အတွက် တရုတ်အစိုးရမှာ တာဝန်ရှိကြောင်း၊ မြန် မာပြည်သူတွေဟာ တရုတ်ရဲ့ အဲဒီလိုချင်တပ်မက်မှုတွေ အားလုံးကို ရပ်တန့်သွားစေလိုတဲ့ သဘောထား ရှိကြောင်း New York Times သတင်းစာ က ခေါင်းကြီးပိုင်းမှာ မနေ့က ရေးသားဖော်ပြခဲ့တာပါ။

တရုတ်အစိုးရကတော့ ဒီရေးသားချက်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဖျက်လိုဖျက်ဆီးသဘော နဲ့ ရေးထားတာဖြစ်တဲ့အတွက် လုံးဝသဘောမတူကြောင်း၊ တရုတ်အစိုးရအနေနဲ့ တရားမဝင် သစ်ခုတ်လှဲမှု၊ သတ္တုတူးဖော်မှု၊ ကုန်သွယ်မှုတွေကို အမြဲဆန့်ကျင်နေသလို အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org