တရုတ်အလိုရှိနေတဲ့ မူးယစ်ဆေးဝရမ်းပြေးသုံးဦးကို မြန်မာ လွှဲပြောင်းပေး

တရုတ်နိုင်ငံက အလိုရှိတဲ့ ဒီလိုမူးယစ်ဆေးနဲ့ဆက်နွယ်တဲ့ တရားခံပြေး ဆယ်ယောက်အနက် ခြောက်ယောက်ကို ဖမ်းဆီးမိထားပြီးပြီလို့လည်း ပြောပါတယ်။

ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား ၂၀၂၃ ခုနစ်၊ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

မြန်မာနိုင်ငံမြောက်ပိုင်းမှာ နှစ်ပေါင်းများစွာ တိမ်းရှောင်နေတဲ့ တရုတ်နိုင်ငံက အလိုရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ပြစ်မှုတွေနဲ့ သံသယရှိသူ ဝရမ်းပြေးသုံးဦးကို နှစ်နိုင်ငံကြား ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှု တစ်စိတ်တဒေသအဖြစ် တရုတ်နိုင်ငံကို မြန်မာက လွှဲပြောင်းပေးခဲ့တယ်လို့ ဆင်ဟွာသတင်းက ဇူလိုင် ၂၅ ရက်က ဖော်ပြပါတယ်။

သူတို့ကို တရုတ်နိုင်ငံထဲ ပြန်ပို့လိုက်တယ်လို့လည်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံက အလိုရှိတဲ့ ဒီလိုမူးယစ်ဆေးနဲ့ဆက်နွယ်တဲ့ တရားခံပြေး ဆယ်ယောက်အနက် ခြောက်ယောက်ကို ဖမ်းဆီးမိထားပြီးပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံထဲ နှစ်ပေါင်းများစွာတိမ်း‌ရှောင်နေတဲ့ ဒီသုံးဦးဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကွန်ယက်တစ်ခုရဲ့ အဓိက အဖွဲ့ဝင်တွေဖြစ်ပြီး တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းတဲ့ အမှုကြီးပေါင်းမျိုးစုံနဲ့ သံသယရှိထားသူတွေဖြစ်ပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ တရုတ်ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေ ပူးပေါင်း ၂၀၂၀ ပြည့်နှစ်ကစလို့ တရုတ် နိုင်ငံကို မူးယစ်ဆေးဝါးတင်သွင်းပေမဲ့ ပြည်ပမှာ ပုန်းအောင်းနေသူတွေ အမြောက်အမြားကို ဖမ်းဆီးမိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာမြောက်ပိုင်းမှာ ပုန်းအောင်းနေသူတွေကို ဖမ်းဆီးမိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org