တရုတ်-မြန်မာရထားလမ်းအတွက် ယူနန်မှာ လှိုဏ်ခေါင်းဖောက်နေ

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ ရထားလမ်းဖောက်လုပ်ဖို့အတွက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ လှိုဏ်ခေါင်းတစ်ခု စတင်ဖောက်လုပ်နေပြီလို့ တရုတ်မီးရထားဌာနက ပြောဆိုကြောင်း ဒီကနေ့ထုတ် တရုတ်ဆင်ဟွာသတင်း တပုဒ်မှာဖော်ပြထားပါတယ်။

ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ ဖောက်လုပ်နေတဲ့ မီးရထားလှိုဏ်ခေါင်း။ Photo: Wikimedia

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ ရထားလမ်းဖောက်လုပ်ဖို့အတွက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ လှိုဏ်ခေါင်းတစ်ခု စတင်ဖောက်လုပ်နေပြီလို့ တရုတ်မီးရထားဌာနက ပြောဆိုကြောင်း ဒီကနေ့ထုတ် တရုတ်ဆင်ဟွာသတင်း တပုဒ်မှာဖော်ပြထားပါတယ်။

လှိုဏ်ခေါင်းအရှည် မီတာ ၃၇ဝဝ ( ၂ မိုင်) ကျော်ဆောက်လုပ်ပြီးနေပြီလို့ မီးရထားဌာန Dalin မီးရထားလမ်း စီမံကိန်း အမှတ် ၁ဝ အင်ဂျင်နီယာဌာန ကပြောပါတယ်။ တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်းရဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ အဲဒီ Dali-Lincang လှိုဏ်ခေါင်းဟာ ကီလိုမီတာ ၂ဝဝ (၁၂၄ မိုင်) ရှည်ပြီး ၂ဝ၂၁ ခုနှစ်မှာ အပြီးတည်ဆောက်မယ်လို့ ဆိုပါတယ်။

၆ မိုင်ရှည်တဲ့ Hongdoushan လှိုဏ်ခေါင်းပိုင်းကို ၂ဝ၁၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာ အဲဒီ လှိုဏ်ခေါင်းထဲက အဆိပ်ဓာတ်ငွေ့တွေ ထွက်နေတာ တွေ့ရှိခဲ့ပါတယ်။

အဲဒီကိစ္စကိုဖြေရှင်းဖို့ တက္ကသိုလ်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ စီမံကိန်းရဲ့ဆောက်လုပ်ရေးဆိုင်ရာ ကန်ထရိုက်တာက ပြောပါတယ်။ လှိုဏ်ခေါင်းဆောက်လုပ်ရေးကိုတော့ ဆက်လက်ဆောင်ရွက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org