မြန်မာက အခွန်တိုးတောင်းလို့ တရုတ်ရေနံစက်ရုံ မဖွင့်လှစ်နိုင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်း ထားတဲ့ ရေနံပိုက်လိုင်းအတွက် တရုတ်ပြည်ထဲမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေနံချက်စက်ရုံ ကြီး စတင်လည်ပတ်ရေးဟာ အခွန်ကိစ္စကြောင့် မဖွင့်လှစ် နိုင်ဘဲ နှောင့်နှေးနေရပြီလို့ သိရပါတယ်။
-
2016-10-10 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းအတွက် တရုတ်ပြည်ထဲမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေနံချက်စက်ရုံကြီး စတင်လည်ပတ်ရေးဟာ အခွန်ကိစ္စကြောင့် မဖွင့်လှစ်နိုင်ဘဲ နှောင့်နှေးနေရပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက်ကနေ အရှေ့ဘက်ကို ကန့်လန့်ဖြတ်သွယ်တန်းထားတဲ့ ပိုက်လိုင်းကနေ ရေနံတွေကို ပို့ဆောင်မှာဖြစ်ပြီး အဲဒီရေနံစိမ်းတွေအတွက် မြန်မာအစိုးရက အခွန်ငွေ ၅% တိုးပြီးကောက်ခံမယ်လို့ အကြောင်းကြားထားတယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။ ဒါဟာ မူလက သဘောတူထားပြီးဖြစ်တဲ့ သဘောတူညီချက်ကို ချိုးဖေါက်ရာ ကျရောက်ပြီး၊ အဲသလို အခွန်ပေးဆောင်ရမယ်ဆိုရင် သူတို့ ရေနံချက်စက်ရုံကြီး ဟာ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်အရာရှိတွေကပြောပါတယ်။
ဆောက်လုပ်ပြီးစီးသွားတဲ့ ယူနန်ပြည်နယ် အန်နင်းမြို့မှာ ဆောက်လုပ်ခဲ့တဲ့ ရေနံချက်စက်ရုံကြီးဟာ တနေ့ ကို ရေနံလီတာ ၂၆၀,၀၀၀ ချက်လုပ်နိုင်တဲ့ စက်ရုံကြီးဖြစ်ပါတယ်။