နယ်စပ်က တရားဝင်သွားရောက် သူတွေကိုပါ တရုတ်ရဲတွေ ဖမ်းဆီးနေ
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံကို တရားဝင်သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေကိုပါ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေရှိနေတဲ့ အတွက် အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးဖို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက တရုတ်နိုင်ငံ ရွှေလီ မြို့ ပြည်ပရေးရာဌာနကို နိုဝင်ဘာ ၄ ရက်နေ့က အကြောင်း ကြားထားပါတယ်။
-
2016-11-07 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံကို တရားဝင်သွားရောက်တဲ့ မြန်မာနိုင်ငံ သားတွေကိုပါ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေရှိနေတဲ့အတွက် အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေး ဖို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာနကို နိုဝင်ဘာ ၄ ရက်နေ့က အကြောင်းကြားထားပါတယ်။
တရုတ်နိုင်ငံမှာ ပြစ်မှုကျုးလွန်သူတွေကို ဖမ်းဆီးရင်း အပြစ်မရှိတဲ့သူတွေပါ ရောအဖမ်းခံနေရ တာဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
"တချို့ကျတော့လည်း ရက်ကျော်ပြီးနေထိုင်တဲ့ ကိစ္စတွေလည်းရှိတာပေါ့။ သွားလိုက်တဲ့အချိန်၊ ဝင်လိုက်တဲ့ အချိန်မှာ အထောက်အထား စည်းတံဆိပ်တွေ မပြည့်စုံလို့ ဖမ်းတာတွေလည်းရှိတယ်။ တခြားပြစ်မှုကျုးလွန် တဲ့အခါ တင်းတင်းကြပ်ကြပ်ဖမ်းတာတွေလည်း ရှိတာပေါ့။ ဒါ့ပေမဲ့ ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရပြီ ဆိုတာသိတာနဲ့ ချက်ချင်းကန့်ကွက်စာနဲ့ ပြန်လွှတ်ဖို့ တောင်းတာပေါ့လေ။ သူတို့ဘက်က ဒုစရိုက်မှုတွေလည်း ရှိတာပေါ့နော်။ အကုန်လုံးသိမ်းကြုံးပြီး လုပ်လိုက်တဲ့အပိုင်းလည်း ပါမှာပေါ့။ ဟိုဘက်မှာ ပြစ်မှုကျုးလွန်တဲ့ သူတွေလည်း ရှိတော့ပေါ့နော်။ ရှိတဲ့အခါကျတော့ သံသယရှိတဲ့သူ အကုန်လုံးရှာတဲ့အခါ ဖြစ်တာ လည်းဖြစ်လိမ့်မယ်"
ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ယွမ်ငွေ ၈၀၀ ကနေ ၁၀၀၀ အထိ (မြန်မာကျပ်ငွေ ၁ သိန်း ၄ သောင်းကျော်ကနေ ၁ သိန်း ၇ သောင်းကျော်) တောင်းပြီးမှ ပြန်လွှတ်ပေးတယ်လို့ လည်း မြန်မာနိုင်ငံဘက်ကနေ ရွှေလီမြို့ ပြည်ပရေးရာဌာနကို ပေးပို့တဲ့စာထဲမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံနယ်စပ်တွေအကြား ခရီးသွားလာမှုတွေဟာ မြန်မာ-တရုတ် နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အရ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူပြီးခွင့်ပြုထားတာဖြစ်ပါတယ်။
မြန်မာ- တရုတ်နယ်စပ်ကနေ နေ့စဉ်ခရီးသွားလာနေသူ ဦးရေဟာ ၅ထောင်ကနေ ၁ သောင်း လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။