မကာအို နိုင်ငံကူးလက်မှတ်ရှိသူတွေ မြန်မာပြည် ဗီဇာကြိုယူဖို့မလို

တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မကာအို SAR နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သူတွေဟာ မြန်မာနိုင်ငံဝင်ရောက်ဖို့ ဗီဇာကင်းလွတ်ခွင့်ရရှိထားတယ်လို့ မကာအို SAR မှတ်ပုံတင် ဌာနက မနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ Speical Addministration Region (SAR) နိုင်ငံကူးလက်မှတ်ကို တွေ့ရစဉ် Photo: TOMMY CHENG / AFP

တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မကာအို SAR နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ မြန်မာနိုင်ငံဝင်ရောက်ဖို့ ဗီဇာကင်းလွတ်ခွင့်ရရှိထားတယ်လို့ မကာအို SAR မှတ်ပုံတင်ဌာနက မနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ထိုင်း-မြန်မာ နယ်စပ်ကုန်းတွင်း စစ်ဆေးရေးဂိတ်တွေနဲ့ မြန်မာ-အိန္ဒိယ ကုန်းတွင်းစစ်ဆေးရေး ဂိတ်တွေကနေတဆင့် မကာအို SAR နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ကြိုတင်ဗီဇာယူဖို့မလိုဘဲ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ပြီး ရက် ၃၀ ထိ နေထိုင်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တစ်နှစ် စမ်းသပ်ကာလအဖြစ် ဒီနှစ် အောက်တိုဘာ ၁ ရက်က စတင်အကျုံးဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံသားတွေဟာ မြန်မာနိုင်ငံဝင်ခွင့်အတွက် ဗီဇာကင်းလွတ်ခွင့်ရထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org