ရွှေလီနဲ့ ဝမ်တိန်မှာ တရုတ်နိုင်ငံသားတွေကို သတိပေး

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေဟာ တရုတ်နိုင်ငံ နယ်စပ်ကိုပါ ထိခိုက်မှုတွေရှိနေလို့ တရုတ်နိုင်ငံ သားတွေအနေနဲ့ အပြင်ထွက်ရင် သတိထားကြဖို့နဲ့ သေနတ်သံကြားရင် မထွက်ကြဖို့ ရွှေလီအာဏာပိုင်တွေက ဒီရက်ပိုင်းမှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရွှေလီမြို့က တာဆိုင်းကိုင်းရဲစခန်းကို ၂၀၂၁၊ သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဥ် Photo: Citizen Journalist

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေဟာ တရုတ်နိုင်ငံ နယ်စပ်ကိုပါ ထိခိုက်မှုတွေရှိနေလို့ တရုတ်နိုင်ငံသားတွေအနေနဲ့ အပြင်ထွက်ရင် သတိထားကြဖို့နဲ့ သေနတ်သံ ကြားရင် မထွက်ကြဖို့ ရွှေလီအာဏာပိုင်တွေက ဒီရက်ပိုင်းမှာပဲ သတိပေးချက် ထုတ်ပြန် ထားပါတယ်။

တရုတ် - မြန်မာနယ်စပ်တစ်လျှောက် ရွှေလီနဲ့ ဝမ်တိန်အကြားမှာ တိုက်ပွဲသံတွေ ကြားနေရပြီး ထိခိုက် သေဆုံးမှုတွေပါ ရှိလာနေတာကြောင့် တရုတ်နိုင်ငံသားတွေ အထူးသဖြင့် ဝမ်တိန်မြို့က ဒေသခံတွေ အပြင်ထွက်ရင် သတိထားဖို့ ထုတ်ပြန်လာတာပါ။

အဲဒီသတိပေးချက်ထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို အခုချိန်အထိ မဖြေရှင်းနိုင် သေးသလို ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာလည်း မှန်းဆလို့ မရနိုင်ဘူးလို့ ပါရှိပါတယ်။

တရုတ်နိုင်ငံသားတွေအနေနဲ့ ထူးခြားမှု တစ်စုံတစ်ရာ ရှိခဲ့ရင်လည်း နီးစပ်ရာ ရဲစခန်းနဲ့ ဆေးရုံတွေကို အကြောင်းကြားဖို့ တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org