တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်လာမှာကို စိုးရိမ်
မြန်မာ့နိုင်ငံရေး လေ့လာသူ သံအမတ်ကြီးဟောင်း ဦးသက်ထွန်း က တရုတ် နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံထဲ ဝင်ရောက် အခြေချ လာမှာကို စိုးရိမ် မိကြောင်း RFA က ဆက်သွယ် မေးမြန်းစဉ်မှာ ပြောကြားပါတယ်။
-
2011-10-04 -
-
-
ရန်ကုန်မြို့တရုတ်တန်းဈေးက တရုတ်စာပေနဲ့ ဆိုင်းဘုတ်တင်ထားတဲ့ ဈေးဆိုင်တန်းများကို တွေ့ရစဉ်။
ပြင်သစ်၊ ဆွစ်ဇာလန်၊ စပိန် စတဲ့နိုင်ငံတွေမှာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်ထိ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၆ ခုနှစ်ထိ ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်တဲ့ ယူနက်စ်ကိုမှာ မြန်မာကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသက်ထွန်းက ပြည်သူတွေရဲ့ စိုးရိမ် တောင်းဆိုမှုကြောင့် မြစ်ဆုံစီမံကိန်းကို ယာယီ ရပ်ဆိုင်းထားမယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ပြောကြားပြီး၊ ဒီလို စီမံကိန်း ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် တရုတ်နဲ့ မြန်မာကြား ဆက်ဆံရေးတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာလိမ့်မယ် လို့တော့ မထင်မိကြောင်း ပြောပါတယ်။
ဦးသက်ထွန်းကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |