တရုတ်-မြန်မာ ချစ်ကြည်ရေး ပုဂ္ဂလိကဆေးရုံကို ချိတ်ပိတ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ပုဂ္ဂလိကဆေးရုံကို ချိတ်ပိတ်ပြီး တရုတ်နိုင်ငံသား ဆရာဝန် ၂ ဦးအပါအဝင် ၁၀ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ပုဂ္ဂလိကဆေးရုံကို တွေ့ရစဉ် Photo: Kan Thar/RFA

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ပုဂ္ဂလိကဆေးရုံကို ချိတ်ပိတ်ပြီး တရုတ်နိုင်ငံသား ဆရာဝန် ၂ ဦးအပါအဝင် ၁၀ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အဲဒီဆေးရုံဟာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး တရားမဝင် ဆေးဝါးတွေကို အသုံးပြုနေတာတေ့ွရှိရသလို တရားမဝင် ကိုယ်ဝန်ဖျက်ချတာတွေတွေ လုပ်ကိုင်နေတယ်လို့ ဆေးရုံကို ဝင်ရောက်စစ်ဆေးရာမှာ ပါဝင်တဲ့ မူဆယ် ခရိုင် ကျန်းမာရေးဦးစီးဌာန ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက RFA ကို ပြောပါတယ်။

အမှုဖွင့်ခံထားရသူ ၁၀ ဦးထဲမှာ တစ်ဦးက ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ၉ ဦးကို မူဆယ်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေသူဟာ မြန်မာနိုင်ငံသားဖြစ်ပြီး ဖမ်းဆီးခံ ထားရသူတွေထဲမှာလည်း မြန်မာနိုင်ငံသား ၃ ဦး ပါဝင်ပါတယ်။

သူတို့ကို ၂၀၁၃ ခုနှစ် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေ၊ ၂၀၁၅ ဆေးကောင်စီ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထား တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org