တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေ ၈၈ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် Ms. Rao Huihua ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ရုံးခန်းမှာ ဒီနေ့တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ဦးကိုကိုကြီးကို တွေ့ရစဉ် photo: Kyaw Zaw Win/RFA

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Rao Huihua ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ရုံးခန်းမှာ ဒီနေ့တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။

"အဓိကကတော့ သူတို့က မြန်မာနိုင်ငံ အပြောင်းအလဲမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သူတို့ ဆက်ဆံရေးကိုသာ မျက်နှာစာအသစ်တစ်ခုအဖြစ်ပေါ့လေ သူတို့စပြီးတော့ ဆောင်ရွက်တဲ့ သဘောပါ၊ နောက်ပိုင်းမှာလည်းပဲ ပြည်သူလိုချင်တဲ့ဆက်ဆံရေး တိုးမြှင့်လာဖို့အတွက်ကို သူတို့ ဆောင်ရွက်ချင်တာတွေလည်းပြောပါတယ်၊ ဒီသဘောထားကတော့ ကျနော်တို့ ပြည်သူလူထုရဲ့ သဘောထားပါ၊ ကျနော်တို့ကလည်း တကယ့်၊ တကယ်က အိမ်နီးချင်းနိုင်ငံတွေဆိုတာက ဟိုနှစ်ပေါင်း များစွာကတည်းက ထိစပ်လာတယ်၊  ကျနော်တို့ ရေရှည်လည်းဆက်ဆံရမှာဆိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းဖို့က အရေးကြီးပါတယ်၊ ဒါပေမယ့် အဲ့လို နှစ်နိုင်ငံ ဆက်ဆံရေးလုပ်တဲ့နေရာ မှာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ပေးဖို့၊ အကာအကွယ်ပေးဖို့ ဆိုတာတွေက ဒါတွေက အရေးကြီးတဲ့ အခြေခံတွေလို့ ကျနော်တို့က အဲ့ဒါတွေဆွေးနွေးဖြစ်တာပေါ့"

ဒါ့အပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိပြီး၊ ဒေသခံပြည်သူ တွေရဲ့ဆန္ဒနဲ့ သဘောထားကို အလေးထားဖို့ကိုလည်း တိုက်တွန်းပြောဆိုလိုက်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင် နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org