ရှမ်းပြည်နယ်ထဲ ခိုးဝင်သူ ခရစ်ယာန်ဘုန်းတော်ကြီး ရဲ့ ပြစ်ဒဏ်လျှော့ပေးဖို့ ပန်ကြား

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို သွားပြီး သာသနာပြုလုပ်ငန်းလုပ်တဲ့အတွက် ထောင် ၇ နှစ် ပြစ် ဒဏ်စီရင်ခံရသူ ခရစ်ယာန်ဘုန်းတော်ကြီးတပါး အမှုကို ပြန်စဉ်းစားပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အမေရိကန်နိုင်ငံရှိ သူ့မိသားစုက တရုတ် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက မေတ္တာရပ်ခံ လိုက်ပါတယ်။

ရှမ်းပြည်နယ်မှာ ဖမ်းခံရတဲ့ ခရစ်ယာန်ဘုန်းကြီးပုံ

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို သွားပြီး သာသနာပြုလုပ်ငန်းလုပ်တဲ့အတွက် ထောင် ၇ နှစ် ပြစ်ဒဏ်စီရင်ခံရသူ ခရစ်ယာန်ဘုန်းတော်ကြီးတပါး အမှုကို ပြန်စဉ်းစားပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အမေရိကန်နိုင်ငံရှိ သူ့မိသားစုက တရုတ် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက မေတ္တာရပ်ခံလိုက်ပါတယ်။

ရှမ်းပြည်နယ်ထဲကို တခြား ခရစ်ယာန် တရားဟောဆရာတွေနဲ့အတူ မကြာမကြာ တရားမဝင်သွားရောက်ပြီး ခရစ်ယာန်စာပေတွေ ဖြန့်ဖြူးဟောပြောခဲ့လို့ နယ်စပ်ခိုးဝင်ခိုးထွက်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်ဒဏ်ချလိုက်တာလို့ အေပီသတင်းဌာနက ဖေါ်ပြပါတယ်။

ဂျွန်- စံချင်းကောက် ဆိုသူ အဲဒီ ဘုန်းတော်ကြီးဟာ တရုတ်ပြည် တောင်ပိုင်းမှာ အစိုးရတားမြစ်ချက်တွေကို ချိုးဖေါက်ပြီးတော့ သာသနာပြုလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံဘက်က တိုင်းရင်းသားဒုက္ခသည်တွေကို စာရေးကိရိယာတွေ၊ ကျမ်းစာအုပ်တွေ ဖြန့်ဖြူးပေးကမ်းပြီး သာသနာပြုလုပ်ငန်းလုပ်ခဲ့သူလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org