ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ် သွားရောက်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိပြီး ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော် KBC အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ KBC ဥက္ကဋ္ဌ ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။
-
2018-10-17 -

မြစ်ကြီးမြို့မှာ ၃ ရက်ကြာနေထိုင်မှာဖြစ်ပြီး ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းတွေဖြစ်တဲ့ ဂျန်မိုင်ကောင်း RC၊ တြိနတီနဲ့ ဂျော်မဆပ် ဒုက္ခသည်စခန်းတွေ၊ ဝိုင်းမော်မြို့က မိုင်းနား၊ ဝိုင်းမော် RC နဲ့ ခပ်ချို ဒုက္ခသည်စခန်းတွေ ကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်တာတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီး စစ်တွေမြို့မှာ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ANP ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း ဒီတစ်ကြိမ်သူ့ရဲ့ခရီးစဉ်ဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။