ရခိုင်ပြည်နယ်တစ်ခုလုံးအရေးကို အာရုံစိုက်ဖို့ ကုလ အထူးကိုယ်စားလှယ်ကို အရပ်ဖက်အဖွဲ့တွေ တင်ပြ

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မောင်တောဒေသ တစ်ခုတည်းကိုမဟုတ်ဘဲ ရခိုင်ပြည်နယ် မြို့နယ်အားလုံး ဖံ့ွဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂနာကို ဒီနေ့ တင်ပြလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂနာကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးမှာ တွေ့ရစဉ် Photo: Min Thein Aung‎/RFA

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မောင်တောဒေသ တစ်ခုတည်းကိုမဟုတ်ဘဲ ရခိုင်ပြည်နယ် မြို့နယ်အားလုံး ဖံ့ွဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂနာကို ဒီနေ့ တင်ပြလိုက်တယ်လို့ သိရပါတယ်။

မစ္စဘာဂနာဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ဒီနေ့မနက်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်တွေနဲ့ တေ့ွဆုံခဲ့ပါတယ်။ အဲဒီလိုတေ့ွဆုံရာမှာ အရပ်ဖက်အဖွဲ့တွေက အခုလို တင်ပြခဲ့တဖြစ်ပါတယ်။ မြန်မာအစိုးရက ကိုဖီအာနန် ကော်မရှင်အကြံပြုချက် ၈၁ ချက်ကို အကောင်အထည်ဖော်ပြီး ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာ ထူးခြားပြောင်းလဲမှုမရှိဘူးလို့ သူတို့မြင်ကြောင်းလည်း အရပ်ဖက်အဖွဲ့ခေါင်းဆောင်တွေက ကုလ အထူးကိုယ်စားလှယ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

မစ္စဘာဂနာဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး သူ့အမြင်ကို ဆွေးနွေးခြင်းမရှိခဲ့သလို အရပ်ဖက်ကိုယ်စား လှယ်တွေနဲ့ တေ့ွဆုံပွဲအပြီးမှာ RFA က မေးမြန်းရာမှာလည်း သူ့အနေနဲ့ ဖြေဖို့ငြင်းဆိုခဲ့ပါတယ်။ ကုလ အထူး ကိုယ်စားလှယ်ဟာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့လည်း သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အထူးကိုယ်စားလှယ်ဟာ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင် နဲ့ စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှာ သီးသန့်တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးတာတွေကိုတော့ မသိရပါဘူး။ မနက်ဖြန်မှာတော့ ကုလ အထူးကိုယ်စားလှယ်ဟာ မောင်တောကို သွားရောက်မှာဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org