မင်းတပ်က ခရစ်ယာန်ဓမ္မဆရာတစ်ဦး CDF နဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်းခံရ

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက်မနေ့က ခရစ်ယာန် ဓမ္မဆရာ တစ်ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ချင်းဒေသ ခုခံကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မင်းတပ်မြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့က တွေ့ရစဉ်

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက်မနေ့က ခရစ်ယာန် ဓမ္မဆရာတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ချင်းဒေသ ခုခံကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့ ဆောက်လုပ်ရေးလမ်းခွဲအနီး စစ်ဆေးရေးဂိတ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ အဖမ်း ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က သူ့ကို ဖမ်းခေါ်သွားတာကို တွေ့လိုက်တဲ့ မျက်မြင်သက်တွေရှိတယ်။ သူ့မိသားစုလည်း အဲလိုပဲ သိထားသေးတယ်။ ၂၇၄ တပ်ရင်းထဲမှာ ထားတယ်လို့ကြားတယ်။ အခုထိတော့ ဘာသတင်းမှ မကြားရ သေးဘူး"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင်ရွာက ခရစ်ယာန် ဓမ္မဆရာ ဆလိုင်းငွေကြာဟာ စေတုတ္တရာ အခြေစိုက် ကပစ (၂၀) တပ်က PDF လို့စွပ်စွဲပြီး ဖမ်းဆီးခံရပါတယ်။

ဒီဇင်ဘာလ ၉ ရက်မှာတော့ စစ်ကြောရေးကရရှိတဲ့ ဒဏ်ရာတွေကြောင့် မကွေးဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ချင်းပြည်နယ် မတူပီမြို့ ငလိုင်ကျေးရွာ ညီအကိုအသင်းတော်က ခရစ်ယာန်ဓမ္မဆရာ ဦးငိုင်ကုန်းဟာ စစ်တပ်က ဖမ်းဆီးတာခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်ဆိုတာ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org