မိုးညှင်းက ဘုရားကျောင်းတိုက်ခိုက်ခံမှု ခရစ်ယာန်ဘုန်းတော်ကြီး ဒဏ်ရာပြင်းထန်

မိုးညှင်းမြို့က ခရစ်ယာန်ဘုရားကျောင်းထဲကို သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်လို့ ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ပေါလ်ခွေရှင်းအောင် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

မိုးညှင်းမြို့ရှိ စိန်ပတ်ထရိတ် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းဝင်းအား သန့်ရှင်းရေးပြုလုပ်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဥ်။ Myanmar Military

ကချင်ပြည်နယ် မိုးညှင်းမြို့က ခရစ်ယာန်ဘုရားကျောင်းထဲကို ဧပြီလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်လို့ ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ပေါလ်ခွေရှင်းအောင် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

မိုးညှင်းမြို့ အောင်သပြေ (၂) ရပ်ကွက်က စိန်ပက်ထရစ် ခရစ်ယာန်ဘုရားကျောင်းအတွင်းမှာ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုနေစဉ် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးမှာ သေနတ်ဒဏ်ရာသုံးချက်ထိခဲ့ပြီး မေးရိုး၊ လက်နဲ့ ပေါင်တွေမှာ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျမ်းစာဖတ်ပြီးပြီ တရားဟောနေတဲ့အချိန်မှာ လာပစ်သွားတာ။ အနက်ရောင်ဝတ်ထားပြီး မျက်နှာဖုံး (mask) နဲ့ ဦးထုပ်အနက်တွေ ဝတ်ထားတဲ့ အမျိုးသားနှစ်ယောက် ဟုတ်တယ်။ ဘုရားကျောင်းတံခါးကနေ ဝင်ဝင်ချင်းတစ်ခါပစ်တယ်၊ ပြီးတော့ ဘုရားကျောင်းအလယ်နားကနေ တစ်ကြိမ်ပစ်တယ်။ ပြီးတော့ ဖာသာရ်ဆီ တည့်တည်လာပြီး လာပစ်တာ။ သူကို့ထိတာက သုံးချက်ထိတယ်”

လာရောက်ပစ်ခတ်ခဲ့တဲ့သူတွေကို မသိရသေးကြောင်းနဲ့ ဒဏ်ရာထားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကိုတော့ အရေးပေါ် ဆေးကုသဖို့ မြစ်ကြီးနားမြို့ကို ခေါ်ဆောင်သွားပြီလို့ သူကဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့ကလည်း ကချင်ပြည်နယ် နမ္မတီးမြို့က ခရစ်ယာန်ဓမ္မဆရာ ဦးနမ်မြဲခွန်ဂျော်လီဟာ အမည်မသိ လက်နက်ကိုင်လူတချို့ရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org