နိုင်ငံသား လျှောက်လွှာ များ ပြည်နယ်အဆင့်မှ စိစစ်ပြီးစီး
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ နိုင်ငံ သားဖြစ်ခွင့်လျှောက်ထားသူတွေထဲက မြို့နယ်နဲ့ ပြည်နယ်အဆင့် စိစစ်ပြီး စီးတဲ့လျှောက်လွှာ ၂၀၀ နီးပါးကို ပြည်ထောင်စုအဆင့် စိစစ်နိုင်ဖို့ ဒီနေ့ ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
-
2014-09-07 -
-
-
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ နိုင်ငံသားဖြစ် ခွင့်လျှောက်ထားသူတွေထဲက မြို့နယ်နဲ့ ပြည် နယ်အဆင့် စိစစ်ပြီးစီးတဲ့လျှောက်လွှာ ၂၀၀ နီးပါးကို ပြည်ထောင်စုအဆင့် စိစစ်နိုင်ဖို့ ဒီနေ့ ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့မှာပါတဲ့ ရခိုင်ပြည်နယ် လ.ဝ.က ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလိုပြောပါတယ်။
"၆ ရက်နေ့အထိပေါ့နော်၊ ၆၇၉ ဦး ပြီးပါ ပြီ၊ ပြည်နယ်နိုင်ငံသား စိစစ်ရေးအဖွဲ့ကနေ ပြီးတော့ ၁၇၀ ပြီးလို့ ကျနော်တို့ ဒါဒီနေ့ပဲ ကျနော်တို့ လ.ဝ.က ရုံးချုပ်ကိုပို့လိုက်ပါပြီ၊ တကယ်တော့ ကျနော်တို့ စစ်ပေးရမှာ ၇၈၀ပါ၊ အဲ့ဒီ ၇၈၀ ကိုလည်းပဲ ဒီလမကုန်ခင်မှာ ကျနော်တို့ အပြီးလုပ်သွားမှာပါ"
မြေပုံမြို့နယ်မှာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူ မွတ်စလင် ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မြေပုံမြို့နယ်မှာ စမ်းသပ်ဧရိယာအဖြစ် ဆောင်ရွက်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ဆောင် ရွက်ခြင်း လုပ်ငန်းတွေကို လာမယ့် နိုဝင်ဘာလမတိုင်ခင် အပြီးစိစစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။