သဘာဝဘေးကျရောက်ချိန်မှာ အရပ်ဘက်နဲ့ စစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးကို နေပြည်တော်က လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အရပ်ဖက်- စစ်ဖက်ပူးပေါင်းဆောင် ရွက်ဖို့ ဆွေးနွေးကြတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

သဘာဝဘေးကျရောက်ချိန်မှာ အရပ်ဘက်နဲ့ စစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပွဲမှာ မတ်လ ၃ဝ ရက်နေ့က ဒေါက်တာ ဝင်းမြတ်အေး ကို တွေ့ရစဉ် Photo: Prof Win Myat Aye

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးကို နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အရပ်ဖက်- စစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို အရပ်ဖက်- စစ်ဖက်ပူးပေါင်းဆောင်ရွက်တာဟာ ပြည်သူတွေအတွက် ပိုထိရောက်မယ်လို့ ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဘာဝဘေးတွေဖြစ်ရင် အမိန့်စောင့်စရာမလိုပဲ ကူညီဖို့ ညွန်ကြားထားတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြီးခဲ့တဲ့ နှစ်က ပြောကြားထားပါတယ်။

ဒီကနေ့ အစည်းအဝေးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်အချို့ တက်ရောက်ကြပါတယ်။

ယခု ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်အတွက် သဘာဘေးအန္တရာယ် ကာကွယ်ရေးအတွက် ရန်ပုံငွေ ကျပ် ဘီလီယံ ၂၀ ချထားပေးတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org