ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေကို ဆုံးရှုံး
မြန်မာနိုင်ငံက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေမှာ တန်ဖိုးအကြီးဆုံး ဆုံးရှုံးနေရတာဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Plan ခေါ် လူသားချင်းစာနာကူညီရေးအဖွဲ့ ကပြောပါတယ်။
-
2013-08-05 -
-
-
မြန်မာနိုင်ငံက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေမှာ တန်ဖိုးအကြီးဆုံး ဆုံးရှုံးနေရတာဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Plan ခေါ် လူသားချင်းစာနာကူညီရေးအဖွဲ့ ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နေရာပြောင်းရွှေ့ရသူပေါင်း ငါးသိန်းကျော်ရှိခဲ့ရာမှာ ကလေးငယ်တွေ အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် မိဘဆုံးရှုံးရတဲ့ကလေးတွေ၊ မိဘတွေနဲ့ တကွဲတပြားဖြစ်သွားပြီး၊ တခြားဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့ကလေးတွေ၊ စစ်ပွဲမြင်ကွင်းတွေကြောင့် စိတ်ဒဏ်ရာရသွားခဲ့ကြတဲ့ကလေးတွေ အများအပြားရှိနေပြီး၊ အများစုဟာ အာဟာရချို့တဲ့နေကြတယ်လို့ Plan အဖွဲ့ကပြောပါတယ်။
ဒါ့ပြင် ပဋိပက္ခဖြစ်ပွားရာဒေသတွေက ကလေးငယ်တွေဟာ စာသင်ကျောင်းတွေကိုသွားပြီး တစ်နေ့ ၆ မိုင် လောက်လမ်းလျှောက်ကြရပြီး၊ တချို့နေရာတွေမှာ မြေမြှုပ်မိုင်းတွေရှိနေတယ်လို့ဆိုပါတယ်။
Plan အဖွဲ့ဟာ အခုသြဂုတ်လကနေ လာမယ့် ၂၀၁၄ ခုနှစ် ဧပြီလအထိ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မြန်မာပြည် အရှေ့တောင်ပိုင်းဒေသတွေမှာ ကူညီရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။