ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒပြတောင်းဆို

ပြည်တွင်းစစ်တွေရပ်စဲပြီး ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ထွန်းရေးအတွက် Freedom Fighter အဖွဲ့ဝင် ၂ဝ လောက် ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့က ဗန္ဓုလပန်းခြံဘေးမှာ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲဖို့ Freedom Fighter အဖွဲ့ရဲ့ ဆန္ဒထုတ်ဖော်ပွဲကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံဘေးမှာ ပြုလုပ်ခဲ့စဉ် Photo: Thant Zin Oo/RFA

ပြည်တွင်းစစ်တွေရပ်စဲပြီး ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ထွန်းရေးအတွက် Freedom Fighter အဖွဲ့ဝင် ၂ဝ လောက် ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့က ဗန္ဓုလပန်းခြံဘေးမှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ အရင်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့ပြီး  ဒီတစ်ကြိမ်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ခေါင်းစဉ်နဲ့ ခွင့်မပြုလို့ ငြိမ်းချမ်းရေး ခေါင်းစဉ်ပြောင်းပြီး ဆန္ဒပြတာလို့ Freedom Fighter အဖွဲ့က ဒေါ်ကြည်ကြည်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျမတို့က ပါဝင်ပါတယ်။ ပူးပေါင်းပါတယ်။ ကျမတို့က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံပါတယ်။ ပြည်သူက ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်းချမ်းချင်တဲ့ ပြည်သူရဲ့ အသံကို ဒီနေရာမှာ လာပြီး ပြောပါတယ်။ ဒါ ဒီနေ့ပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်။ ပထမတစ်ခါလျှောက်တယ်။ လျှောက်တော့ ဘာလို့မရလည်းဆိုတော့၊ အဲတုန်းက ကျမလျှောက်တာမဟုတ်ဘူး၊ ဦးစန်းဝင်းအောင် နာမည်နဲ့ လျှောက်တာ။ အဲဒီမှာ အခြေခံဥပဒေ ဖျက်သိမ်းရေးဆိုတဲ့ စာပါလို့ သူတို့က ဟိုက်လိုက် လုပ်ပေးတယ်။ အဲဒီဟာနဲ့ ပတ်သက်ရင်တော့ သူတို့မပေးပါဘူး၊ ပြည်ထဲရေးကနေပြီး ခွင့်မပြုပါဘူးဆိုပြီး အဲဒီစာကြီး ပြန်လာလို့ မရဘူး"

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးခေါင်းစဉ်နဲ့ မတ်လက ကျောက်တံတားရဲစခန်းမှာ ဆန္ဒထုတ်ဖော်ဖို့ စာတင်ခဲ့ပေမယ့် ခွင့်မပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရသစ်မတိုင်ခင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖျက်သိမ်းရေးအတွက် နေရာအနှံ့ ဆန္ဒပြတာတွေ ဟောပြောတာတွေရှိခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာတော့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ ပထမဆုံးအကြိမ်လုပ်ခဲ့ပြီး ဒီနေ့က ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ပြည်တွင်းစစ် ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေးရရှိဖို့၊ ပင်လုံညီလာခံ အောင်မြင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၊ စစ်ဘေးဒုက္ခသည်တွေကို စာနာဖို့ စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org