အမှိုက်ကောက်လှုပ်ရှားမှု လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်

ပရဟိတအဖွဲ့ ၄၀ လောက် စုပေါင်းပြုလုပ်တဲ့ Clean Yangon အမှိုက်ကောက်လှုပ်ရှားမှုကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံမှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံမှာ ပြုလုပ်တဲ့ Clean Yangon အမှိုက်ကောက်လှုပ်ရှားမှုကို တွေ့ရစဉ် Photo: Htet Arkar/ RFA

ပရဟိတအဖွဲ့ ၄၀ လောက် စုပေါင်းပြုလုပ်တဲ့ Clean Yangon အမှိုက်ကောက်လှုပ်ရှားမှုကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံမှာ စတင်ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြပြီး လက်ရှိ ရန်ကုန်မြို့ အခြေအနေတွေကို သိရှိနိုင်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားလို့ ရတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

ကန်တော်ကြီးပန်းခြံကနေ တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တစ်ဝိုက်တို့မှာလည်း အမှိုက်ကောက်ခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဝန်ထမ်းတွေ ပရဟိတအဖွဲ့တွေအပါအဝင် လူဦးရေ ၃၅၀ လောက် အမှိုက်ကောက်ခဲ့ကြပါတယ်။

အဲဒီ Clean Yangon အမှိုက်ကောက်လှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းပြုလုပ်ခဲ့တာ  (၈) ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်တာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org