ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဝန်ကြီးတင်ပြ
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ် အားတွေ ဖြည့်တင်းနိုင်ဖို့ ရန်ကုန်၊ ဧရာဝတီ ၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်ဖို့ စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
-
2014-07-16 -
-
-
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ် အားတွေ ဖြည့်တင်းနိုင်ဖို့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်ဖို့ စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ကျောက်မီးသွေးအသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စု လွှတ်တော်မှာ အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။
"ရန်ကုန်နှင့် အနီးတဝိုက်တွင် ဖြစ်ပေါ်လာမယ့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်းများ အပါအဝင် ထပ်တိုးလိုအပ်မည့် ဓါတ်အားဖြည့်ရန်အတွက် ထန်းတပင်၊ သီလဝါ၊ ကျောက်တန်းဒေသများတွင်၎င်း၊ ဧရာဝတီ တိုင်းဒေသကြီး အထူးစီးပွားရေးဇုန်နှင့် ထပ်တိုးလိုအပ်မယ့် ဓါတ်အားအတွက် ငရုတ်ကောင်းဒေသတွင်၎င်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးဝဒေသတွင်၎င်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းကျောက်မီးသွေး သုံးစွဲပြီးတော့ ကျိုင်းတုံဒေသတွင်၎င်း၊ တနင်္သာရီတိုင်းဒေသဖွံ့ဖြိုးရေးနှင့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များရဲ့ လိုအပ်ချက် ဖြည့်ဆီးပေးရန်အတွက် ဘုတ်ပြင်းဒေသတွင်၎င်း ဒေသလိုအပ်ချက်အသီးသီးပေါ် အခြေခံပြီး တည်ဆောက်သွားရန် လျာထားဆောင် ရွက်ထားကြောင်း တင်ပြအပ်ပါသည်"
ဒါ့အပြင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက် တဲ့အခါ သဘာပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှုနည်းအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။