မျိုးစောင့်ဥပဒေ အကောင်အထည် မဖေါ်ဖို့ ကုလလူ့ခွင့်အရေး ကျွမ်းကျင်သူတွေ တောင်းဆို

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်မဖေါ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက်အကောင်အထည်မဖေါ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။ လူတိုင်းမှာ တစ်ဦးချင်းအလိုက် ဘာသာတရား ကိုးကွယ်ယုံကြည်မှုအတွက် လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်လို့လဲ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

ဘာသာရေးနဲ့ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့် အထူးကိုယ်စားလှယ် Heiner Bielefeldt ၊ လူမျိုးစုအရေးဆိုင်ရာ အထူးကိုယ်စားလှယ် Rita Izsak နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee တို့က တောင်းဆိုလိုက်တာပါ။

ဘာသာရေးနဲ့ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့် အထူးကိုယ်စားလှယ် Heiner Bielefeldt က လူတစ်ယောက်ရဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကူးပြောင်းခြင်းမှာ အစိုးရကပါဝင်စွက်ဖက်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့မကိုက်ညီသလို တရားဝင်မှုလဲမရှိဘူးလို့ ပြောပါတယ်။

လူမျိုးစုအရေးဆိုင်ရာ အထူးကိုယ်စားလှယ် Rita Izsak ကတော့ လူမျိုးစုအခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဆက်လက်ရှင်သန်အောင် မြန်မာအစိုးရအနေနဲ့ဆောင်ရွက်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာ နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org