လေဆာ သွားတိုက်ဆေး Colgate ကုမ္ပဏီက ဝယ်ယူ
အမေရိကန် ပြည်ထောင်စုရှိ ကမ္ဘာကျော် Colgate-Palmolive ကုမ္ပဏီကြီး က မြန်မာနိုင်ငံက လေဆာ တံဆိပ် သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းကို မူလ ပိုင်ရှင် ရွှေဧရာနဒီ ကုမ္ပဏီကနေ ဒေါ်လာ သန်း ၁ဝဝ လောက်နဲ့ ဝယ်ယူ လိုက်ပြီလို့အမေရိကန် Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။
-
2014-10-28 -
-
-
အမေရိကန် ပြည်ထောင်စုရှိ ကမ္ဘာကျော် Colgate-Palmolive ကုမ္ပဏီကြီးက မြန်မာနိုင်ငံက လေဆာ တံဆိပ် သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းကို မူလပိုင်ရှင် ရွှေဧရာနဒီ ကုမ္ပဏီကနေ ဒေါ်လာ သန်း ၁ဝဝ လောက်နဲ့ ဝယ်ယူလိုက်ပြီလို့အမေရိကန် Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။
အမေရိကန်ရှိ အတွင်းသိ ပညာရှင်တွေက ဒီအရောင်းအဝယ်ကိစ္စကို ထုတ်ဖော်ပြောကြားကြပြီး Colgate Co ကတော့ ဘာမှအသေးစိတ် ကြေညာတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ၂ဝ၁၂ ခုနှစ်က ပြန်လည် ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်ပိုင်း မှာ နိုင်ငံခြား ကုမ္ပဏီတစ်ခုက အများဆုံး ရင်းနှီးမြှုပ်နှံ မှု ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောကြ ပါတယ်။
အခု ချုပ်ဆိုပြီးသွားတဲ့ စာချုပ်အရ၊ လေဆာ သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်း အရပ်ရပ်ကို Colgate Co က တာဝန်ယူ လုပ်ကိုင်သွားမှာဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ ကိုးလ်ဂိတ် ပစ္စည်းတွေကိုလည်း မြန်မာနိုင် ငံမှာ ဖြန့်ဖြူးရောင်းချသွားမယ်လို့ သိရပါတယ်။ နောက်ပိုင်းကျရင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ လုပ်ငန်း ကို မြန်မာနိုင်ငံထဲ ရွှေ့ပြောင်း ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။