ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်း ၁၀၀ နီးပါးလောက် ရှိနေ

လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတွက် ပယ်ချခံရသူ ကိုယ်စား လှယ်လောင်း ၁၀၀ လောက်ရှိနေပြီး အဲဒီအထဲမှာ နိုင်ငံသား ကိစ္စနဲ့ ဆက်နွယ်ပြီး ပယ်ချခံရသူ ၅၀ လောက်ရှိနေကြောင်း အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို တွေ့ရစဉ် Photo: Shwe Maung Facebook

လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် ပယ်ချခံရသူ ကိုယ်စားလှယ်လောင်း ၁၀၀ လောက်ရှိနေပြီး အဲဒီအထဲမှာ နိုင်ငံသားကိစ္စနဲ့ ဆက်နွယ်ပြီး ပယ်ချခံရသူ ၅၀ လောက်ရှိနေကြောင်း အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂျွန်ကာဘီက ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်း ၁၀၀ မှာ တဝက်နီးပါးလောက်ဟာ နိုင်ငံသားဖြစ်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။

ပွင့်လင်းမြင်သာမှုမရှိဘဲ၊ ခွဲခြားဆက်ဆံတဲ့ နည်းလမ်းတွေနဲ့ အဲဒီ ကိုယ်စားလှယ်လောင်းတွေကို ပယ်ချလိုက်တာဟာ လာမယ့်ရွေးကောက်ပွဲအပေါ် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org