အပယ်ခံရသူ NLD ကိုယ်စားလှယ် သုံးဦး ကော်မရှင်က ပြန်ခွင့်ပြု

ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး ခရိုင်ကော်မရှင်တွေက ပယ်ချထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စား လှယ်လောင်းတွေထဲက ၃ ဦးကို ပြန်ပြီး ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်တယ်လို့ ဒီနေ့ သိရပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် ဟောပြောနေစဉ်

ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး ခရိုင်ကော်မရှင်တွေက ပယ်ချထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ၃ ဦးကို ပြန်ပြီး ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်တယ်လို့ ဒီနေ့ သိရပါတယ်။

ဒါကြောင့် စုစုပေါင်းပယ်ချခံရတဲ့ NLD ကိုယ်စားလှယ်က ၅ ယောက်ပဲဖြစ်တော့တယ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က RFA ကိုပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို မဲထည့်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းတာဟာ ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

NLD ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org