အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုအစီရင်ခံစာ တင်သွင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က) နဲ့ (ခ)ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်း သားပါတီတချို့က ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက မူလအတိုင်း သာထားရှိဖို့ အကြံပြုထားတယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော်မတီက ပြည်ထောင်စု လွှတ်တော်ကို ဒီနေ့တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ် AFP

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)နဲ့ (ခ)ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီတချို့က ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက မူလအတိုင်း သာထားရှိဖို့ အကြံပြုထားတယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော် မတီက ပြည်ထောင်စု လွှတ်တော်ကို ဒီနေ့တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီဆီကို နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တပ်မတော် သား ကိုယ်စားလှယ်တွေက အကြံပြုချက်တွေကို ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီက တင်ပြခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကော်မတီထံ အကြံပြုထားတာတွေကို ကော်မတီတွဲဘက်အတွင်းရေးမှူး ဦးစံပြည်က အခုလိုတင်ပြခဲ့ပါတယ်။

"ပုဒ်မ ၄၃၆(က) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် အကြံပြုထား ပါတယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော်နဲ့ နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ် သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျှက်ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ စပ်လျဉ်းပြီး ပြည်သူများနဲ့ ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေအချိန်အခါနဲ့ လိုက်လျော်ညီထွေစွာ တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း အကြံပြုထားပါတယ်၊ NLD၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ NDF နဲ့ ကျန်ကော်မတီဝင်များက ပြင်ဆင်ရန် အသီးအသီးအကြံပြုထားကြပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ပုဒ်မပေါင်း ၂၁၀ ခုနဲ့ ဇယား ၅ ခုက အပိုဒ် ၂၃ ခုတို့ကို ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က တမ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို မပြင်ဆင်သင့်ကြောင်း အကြံပြုထားပေးမယ့် ပြင်ဆင်သင့်တယ်ဆိုတဲ့ တခြားပုဒ်မတချို့ကို သဘောတူလက်ခံထားတာတွေရှိတယ်လို့ ပြောပါတယ်။

"မူလအတိုင်း တပ်ကထားမယ်လို့ ဒါပြောတာ၊ ဒါတပ်ကတော့ သူ့ဆန္ဒ၊ တကယ်တမ်း ဒီလွှတ်တော်ကြီးထဲ မှာ ဆွေးနွေးတဲ့အခါမှာ ဘယ်လိုလာဦးမယ်ဆိုတာ မသိသေးဘူး၊ ၄၃၆ ကို တပ်က မူလအတိုင်းထားမယ် လို့ပြောဦး ပြင်ဆင်မယ့် ဥပဒေပုဒ်မ ၄၅ဝ ထဲက ၂၁ဝ ပြင်ဆင်မယ်၊ ပယ်ဖျက်မယ် ပြောထားတာတွေရှိတယ်လေ၊ အဲ့အပိုဒ်အတွက်ပဲပြောတာ၊ ၄၃၆(က)နဲ့(ခ)ကိုပဲ မူလအတိုင်းထားချင်တယ်၊ သို့သော်လည်းပဲ ဒီအထဲမှာ တပ်မတော်ကနေပြီးတော့ သဘောတူတာတွေလည်း ဒီအပိုဒ်တွေထဲမှာရှိပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စက်တင်ဘာလအထိ အစည်းအဝေးပေါင်း ၄၆ ကြိမ် ကျင်းပပြီးနောက် ဒီအစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org