လူထုဗဟိုပြုစီမံကိန်းမှာ ပါဝင်နိုင်မယ့် မြို့နယ်တွေ တိုးလာ

တိုင်းနဲ့ပြည်နယ်အသီးသီးက ဖွံ့ဖြိုးမှုနောက်ကျတဲ့မြို့နယ်တွေမှာ လူထုဗဟိုပြု စီမံကိန်းတွေလုပ်ဖို့ မြန်မာနဲ့ အီတလီအစိုးရအပါအဝင် ကမ္ဘာ့ဘဏ်က ရန်ပုံငွေ ချထားပေးတာကို မြို့နယ် ၆၀ ကျော်မှာ အကောင်ဖော်ဆောင်ရွက်နေပြီး ပိုလျံငွေနဲ့ ရန်ပုံငွေထပ်ရလို့ နောက်ထပ် ၁၃ မြို့နယ်မှာ လုပ်ငန်းထပ်မံတိုးချဲ့ဖို့ ပြည်ထောင်စုအစိုးရ က ဆုံးဖြတ်လိုက်ပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ၂၀၂၀ နိုဝင်ဘာလ ၂၃ ရက်နေ့က လူထုဗဟိုပြုစီမံကိန်း အစည်းအဝေး ပြုလုပ်ခဲ့စဉ် Photo: Nyan Soe Win/RFA

တိုင်းနဲ့ပြည်နယ်အသီးသီးက ဖွံ့ဖြိုးမှုနောက်ကျတဲ့မြို့နယ်တွေမှာ လူထုဗဟိုပြုစီမံကိန်းတွေလုပ်ဖို့ မြန်မာနဲ့ အီတလီအစိုးရအပါအဝင် ကမ္ဘာ့ဘဏ်က ရန်ပုံငွေချထားပေးတာကို မြို့နယ် ၆၀ ကျော်မှာ အကောင်ဖော် ဆောင်ရွက်နေပြီး ပိုလျံငွေနဲ့ ရန်ပုံငွေထပ်ရလို့ နောက်ထပ် ၁၃ မြို့နယ်မှာ လုပ်ငန်းထပ်မံတိုးချဲ့ဖို့ ပြည်ထောင်စု အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

အရင်စီမံကိန်း မြို့နယ် ၆၃ မြို့နယ်ထဲမှာ တနင်္သာရီတိုင်းအတွင်း ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့ပြီး ထပ်တိုးလိုက်တဲ့အထဲမှာ ပုလောမြို့နယ် ပါဝင်တယ်လို့ တနင်္သာရီတိုင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်နုက ပြောပါတယ်။

“ပုလောမြို့နယ်ကိုက အမှတ်အများဆုံးနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်၊ ထားဝယ်တို့၊ မြိတ်တို့၊ ကော့သောင်း တို့ထက်စာရင် သူကဖွံ့ဖြိုးမှုနောက်ကျတဲ့အတွက် ပြည်သူလူထုတွေက သင့်တော်တယ်လို့ ရွေးလိုက်တယ်”

မွန်ပြည်နယ် ကျိုက်မရော၊ ဧရာဝတီတိုင်း ဒေးဒရဲ၊ မကွေးတိုင်း ငဖဲ၊ ပဲခူးတိုင်း- အုတ်ဖို၊ တနင်္သာရီတိုင်း ပုလောနဲ့ စစ်ကိုင်းတိုင်းက ခန္တီးအပါအဝင် မြို့နယ် ၁၃ မြို့နယ်မှာ တိုးချဲ့ဆောင်ရွက်သွားမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့အခြေခံအဆောက် အအုံတွေ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၅၄၉ သန်း ရန်ပုံငွေရရှိထားပြီး လုပ်ငန်းတွေကို နောက်နှစ် နိုဝင်ဘာလအထိ လုပ်ခွင့်ရထားတာဖြစ်ပါတယ်။

အရင်ပါဝင်ခွင့်ရထားတဲ့ မြို့နယ်တွေထဲမှာ ကချင်ပြည်နယ်ကဆိုရင် မိုးကောင်း၊ ပူတာအို၊ ရွှေကူ၊ ရခိုင် ကဆိုရင် အမ်း၊ ပုဏ္ဏားကျွန်း၊ ဂွ ရန်ကုန်တိုင်းကဆိုရင် ထန်းတပင်၊ ကျောက်တန်း၊ ကော့မှူး၊ ကွမ်းခြံကုန်း စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

ဒီစီမံကိန်းမှာ ပါဝင်ခွင့်ရမယ့် မြို့နယ်တွေဟာ ကျန်းမာရေးဌာန၊ ကျောင်းအဆောက်အအုံတွေ၊ လမ်းတွေ၊ ရေပေးဝေရေး၊ မီးလင်းရေး၊ အပန်းဖြေနေရာ၊ ဈေး၊ ဆည်မြောင်းငယ်၊ ဆိပ်ခံတံတားနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို ရန်ပုံငွေနဲ့ တည်ဆောက်လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ထောက်ပံ့ငွေကို လူဦးရေ တစ်ဦးကနေ ၁၅၀၀ ဦးရှိပြီး ကျေးရွာအရေအတွက် တစ်ရွာကနေ ငါးရွာထိရှိတဲ့ ကျေးရွာ အုပ်စုတစ်စုကို ထောက်ပံ့ငွေ ၂၄ သန်း၊ လူဦးရေ ၁၃၀၀၀ အထက်ရှိပြီး ကျေးရွာအရေအတွက် ၂၀ အထက်ရှိတဲ့ ကျေးရွာအုပ်စုကို ထောက်ပံငွေ ၂၂၀ သန်းထိ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org