လွှတ်တော် ကြားနာပွဲတက်ဖို့ NNER ကို ထပ်မံဖိတ်ကြားမည်

အမျိုးသားလွှတ်တော်မှာ ကျင်းပတဲ့ ကြားနာပွဲကို မတက်ရောက်နိုင်ဘူး လု့ိ ကြေညာထားတဲ့ NNER ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ကွန်ရက်ကို ကြားနာပွဲတက်ရောက်ဖို့ ထပ်မံဖိတ်ကြားသွားမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောကြား လိုက်ပါတယ်။

ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေ ကြားနာပွဲ မတက်ရောက်နိုင်ကြောင်း မတ်လ ၅ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျောင်းသားကိုယ်စားလှယ် ကိုဇေယျာလွင် တင်ပြနေစဉ် Photo: Myo Thant Khaing/RFA

အမျိုးသားလွှတ်တော်မှာ ကျင်းပတဲ့ ကြားနာပွဲကို မတက်ရောက်နိုင်ဘူးလု့ိ ကြေညာထားတဲ့ NNER ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကို ကြားနာပွဲတက်ရောက်ဖို့ ထပ်မံဖိတ်ကြား သွားမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကျင်းပဖို့ လျာထားတဲ့ ကြားနာပွဲကို NNER အဖွဲ့ဝင်တွေ မတက်ရောက်ပေမယ့် ကြားနာပွဲကို ပုံမှန်အတိုင်းကျင်းပခဲ့ပြီး NNER အဖွဲ့ တက်ရောက်နိုင် မယ့်အချိန်ကို ထပ်မံဖိတ်ကြားသွားမယ်လို့ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီ က ပြောပါတယ်။

"NNER ဒီနေ့မလာဘူးဆိုတော့ ကိုယ်တို့ ကော် မတီတို့၊ ကော်မရှင်တို့ စုံညီလားထိုင်မှာ ထိုင်နေ ပါတယ်၊ ကိုယ်တို့က ကြေညာထားတဲ့အတိုင်း ဆက်လုပ်တာ ထိုင်နေတယ်၊ ၁ဝ နာရီမှာ တစ်ယောက်မှ ရောက်မလာဘူး၊ ၁၁ နာရီ ကျတော့ ကိုယ်တို့တန်းဖြုတ်မယ်၊ ကိုယ်တို့က ခင်ဗျားတို့ နောက်တစ်ခါလာနိုင်မလား၊ ၁၅ ရက်မတိုင်ခင် မှာ ကျောင်းသားရော၊ NNER ရောမေးဖို့ မေးဖို့တာဝန်ရှိတယ်၊ သူတို့လာမယ်ဆိုရင် ရက်ချိန်းပေးမယ်၊ မလာတော့ဘူးဆိုရင်လည်း ကြားနာမှုက ဆက်လုပ်လိုမရဘူးပေါ့နော်"

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ ကြားနာပွဲတွေ ကျင်းပနေတာ ဒီနေ့ ၃ ရက်ရှိပြီဖြစ်ပါတယ်။

အခုလ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်း ကြားနာပွဲ ပထမနေ့ကို သပိတ်မှောက် ကျောင်းသူ ကျောင်းသား ကိုယ်စားလှယ်တွေလည်း တက်ရောက်မှုမရှိခဲ့ပါဘူး။

လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်းကို ပိတ်ဆို့ထားပြီး ရန်ကုန်မြို့မှာလည်း ကျောင်းသားအဖဲ့ွတွေ ကို ရိုက်နှက်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ဒီလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကြားနာပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝ က ကိုယ်စားလှယ်တွေက ဆုံးဖြတ်ထားပါတယ်။

အဲ့ဒီ ကြားနာပွဲနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ ဥက္ကဌ ၊ NNER နဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org