ပုဒ်မ ၄၃၆ ပြင်ရေး လွှတ်တော် လိုက်လျောဖို့ လိုအပ်ကြောင်း ကိုမင်းကိုနိုင် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ငြိမ်းချမ်းတဲ့ နည်း လမ်းနဲ့ ပြည်သူတွေလက်မှတ်ရေးထိုးဆန္ဒပြုထားတာတွေကို လွှတ်တော်က အကောင်းဆုံးပုံစံနဲ့ လိုက်လျောပေးရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက် ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဇူလိုင်လ ၁၈ ရက်နေ့က မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ မှာ တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြည်သူတွေ လက်မှတ်ရေးထိုးဆန္ဒပြုထားတာတွေကို လွှတ်တော်က အကောင်းဆုံးပုံစံနဲ့ လိုက်လျောပေးရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက် ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒပြုလက်မှတ်တွေကောက်ယူ တာနဲ့ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာ မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခု လိုပြောခဲ့တာပါ။

"ပြည့်သူ့ဆန္ဒကို ဘယ်လောက်အလေးအနက်ပြု တယ် ဆိုတာကို ကျနော်တို့ နံပါတ်တစ် ကြည့်ရ ပါလိမ့်မယ်၊ ဒါက လူထုလှှုပ်ရှားမှှု တစ်ခုအနေနဲ့ ငြိမ်းချမ်းစွာလည်းဖြစ်ရမယ်၊ အများပြည်သူ လက်ခံနိုင်မယ့် နည်းလမ်းလည်း ဖြစ်ရမယ် အဲ့လိုမျိုး စပြီးတော့ရွေးကြတာပေါ့ အဲ့ဒီတော့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်ဆိုရင် ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ထားတဲ့ ပြည်သူ့လှှုပ်ရှားမှှုကို နံပါတ်တစ် အနိမ့်ဆုံး အသိအမှတ်ပြုရမယ် ပြီးရင်လက်ခံစဉ်းစားရမယ် ပြီးတော့ အဲ့ဒါကို ဘယ်လိုပုံနဲ့ အကောင်ဆုံး လိုက်လျောပြီးတော့ ဖြည့်ဆည်းပေးမလဲဆိုတာ လွှတ်တော်က စဉ်းစားသင့်တယ်"

ပုဒ်မ ၄၃၆ ကိုမပြင်ဆင်ဘဲ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးကို ဖြေရှင်းနိုင်မှာမဟုတ်သလို၂၀၁၅ ရွေးကောက်ပွဲ လွန်ကာလတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်ပြီးလှုပ်ရှားနေရမှာဖြစ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒသဘောထား လက်မှတ်ကောက်ခံနေတာဟာ မနက်ဖြန် ဇူလိုင်လ ၁၉ ရက်ဆိုရင် သတ်မှတ်ရက်ကုန်ဆုံးပြီဖြစ်ပါတယ်။

ကိုမင်းကိုနိုင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို သီးသန့်တွေ့ဆုံ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org