ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး လွှတ်တော်မှာ ဆွေးနွေး

နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ် ချက် ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်သင့်ကြောင်း ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်သင့်ကြောင်း ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာအပေါ် ၄ ရက်မြောက်နေ့ အဖြစ် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက အခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"၅၉(စ)လည်းပယ်ဖျက်သင့်ပါတယ်၊ တပ်မတော်သားတွေ ဆွေးနွေးတဲ့ဟာ သမ္မတသည် စံနမူနာဖြစ် သင့်တယ်ဆိုတာတော့ အတိုင်းအတာတစ်ခုအထိ လက်ခံပါတယ်၊ ဒါပေမဲ့ အရွယ်ရောက်ပြီးသား အိမ်ထောင်ကျပြီးသားသူတွေအထိ ဘယ်သူ့မှ ကိုယ့်မှာတာဝန်မရှိတော့ပါဘူး"

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုနဲ့ ပြည်ခိုင်ဖြိုးပါတီတွေက ကိုယ်စားလှယ် ၂၄ ဦး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်က လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ထိ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org