ဖွဲ့စည်းပုံဥပဒေ ပြင် ဆင်နိုင်ရေး ကော်မတီသစ် ဖွဲ့စည်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
-
2014-02-03 -
-
-
Your browser doesn’t support HTML5 audio
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော်မတီကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
လွှတ်တော်မှာရှိတဲ့ ပါတီတွေရဲ့ လွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်းကို တွက်ချက်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ထား တာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။
“လွှတ်တော်ထဲမှာ ပါတီအသီးသီးကရောက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်များကို ရာခိုင်နှုန်းဖွဲ့ တင်ပြထားတယ်ရှိသလို လွှတ်တော်ထဲမှာရောက်နေကြတဲ့ ပါတီအသီးသီးရဲ့ ကိုယ်စားလှယ်ဝင် အရေအတွက်အတွက် ရနိုင်တဲ့ ရသင့်တဲ့ အရေအတွက်ကိုပဲ တွက်ချက်ထားခဲ့တာရှိတယ်၊ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်ပြီး ပြင်ဆင်ဖို့လိုအပ်ရင် ပြင်ဆင်တဲ့အခါ လွှတ်တော်အတွင်းမှာရှိကြတဲ့ ကိုယ်စားလှယ်တွေ အားလုံးပါဝင်မှုဖြင့် ဆောက်ရွက်မှာဖြစ်ပါတယ်၊ ဒီကော်မတီ ဖွဲ့စည်းပြီးတဲ့အခါမှာ ခုနကပေးထားတဲ့ ကော်မတီရဲ့တာဝန်များကို ဆောင်ရွက်ရင်း သူတို့ရဲ့ဆောင်ရွက်ချက်တွေကို လွှတ်တော်ကို ပြန်လည်တင်ပြတဲ့အခါမှာ လွှတ်တော်မှာလည်း ဆွေးနွေးအတည်ပြုချက် ရမှာ ဖြစ်ပါတယ်”
ကော်မတီမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို လျော့ချဖို့နဲ့ ပါတီအသီးသီးက ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်နိုင်ရေးအတွက် ထည့်သွင်းစဉ်းစားပေးဖို့ ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးပိုက်လင်းက အဆိုတင်သွင်းခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ၃၁ ဦးပါ ကော်မတီဖွဲ့စည်းဖို့ မဲခွဲဆုံးဖြတ်ရာ လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးသာ ကန့်ကွက်ခဲ့ကြတဲ့အတွက် မူလအတိုင်း လွှတ်တော်ကအတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
ကော်မတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။