ပုဒ်မ ၄၃၆ ပြင်နိုင်ရေး လွှတ်တော်မှာ ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ပြည်သူတွေရဲ့ လက်မှတ်ငါးသန်းကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ဒေါက် တာဇော်မြင့်မောင်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင်ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးပွဲကို တွေ့ရစဉ် AFP

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အတွက် ပြည်သူတွေရဲ့ လက်မှတ်ငါးသန်း ပြည်ထောင်စု လွှတ်တော်အနေနဲ့ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ဒေါက်တာဇော်မြင့်မောင်က ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၃ ရက်မြောက်နေ့အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင်ဆွေးနွေးရာ ဒေါက်တာဇော်မြင့်မောင်က အခုလို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"ကျနော်အထူးပြောချင်တာကတော့ ပြည်သူ ၅ သန်းရဲ့ ဆန္ဒလက်မှတ်ဖြစ်ပါတယ်၊ ပြည်ထောင်စု လွှတ်တော် ကြီးကိုလည်း တင်ပြီးဖြစ်ပါတယ်၊ နာယကကြီးကလည်း လွှတ်တော်မှာ သက်ရောက်ပါမယ်လို့ ပြောတဲ့အတွက် ကျနော်တို့ အခါသိအခွင့်ကြုံကြိုက်တုန်းမှာ ကျနော်တို့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ မပေးခဲ့ဘူးဆိုလို့ ရှိရင် တချိန်မှာ သမိုင်းမှာ ကျနော်တို့ ပြည်ထောင်စု လွှတ်တော်ကြီးဟာ ပြည်သူတွေအကျိုးကို မဆောင်ရွက်ပါဘူး ဆိုတဲ့ ပြစ်တင်ခြင်းကိုခံရမယ်ဆိုတာ ပြောကြားရင်းနဲ့ နိဂုံးချုပ်လိုပါတယ်"

ဒီနေ့ ဆွေးနွေးတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဖွဲ့စည်းပုံပါ ပုဒ်မ ၆ (စ) အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ရဲ့ပါဝင်မှုအခန်းကို မပြင်ဆင်နိုင်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီရဲ့အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၆၀ ကျော်က ဆွေးနွေးနေကြတာဖြစ်ပြီး လာမယ့်နိုဝင်ဘာလ ၂၅ရက်နေ့မှာ အပြီးသတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org